Connect with us

Media

တူရကီနိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံနှင့် ဒရုန်းရောင်းချမှုသဘောတူညီချက် လက်မှတ်ရေးထိုး

အန်ကာရာ ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

တူရကီဒရုန်းထုတ်လုပ်သူ Baykar ကုမ္ပဏီက ဆော်ဒီအာရေဗျနိုင်ငံသို့ “AKINCI TIHA” တိုက်ခိုက်ရေးဒရုန်းအား ရောင်းချရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Baykar ၏ CEO က ဇူလိုင် ၁၈ ရက်၌ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

“ကျွန်တော်တို့ ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ Bayraktar AKINCI TIHA တင်ပို့ဖို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်”ဟု Baykar Technology ၏ CEO ဖြစ်သူ Haluk Bayraktar က ပြောကြားခဲ့သည်။ (Xinhua)
……………………………
(English Version)
Türkiye signs drone deal with Saudi Arabia
Turkish drone maker Baykar signed a deal with Saudi Arabia to sell its combat drone “AKINCI TIHA,” to the kingdom, Baykar’s CEO said in a tweet Tuesday.
“We signed Bayraktar AKINCI TIHA export and cooperation agreement with the Ministry of Defense of Saudi Arabia,” said Haluk Bayraktar, CEO of Baykar Technology.
Xinhua News Agency correspondents reporting from Ankara.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.