Media
မြန်မာနိုင်ငံ တောင်ကြီးမြို့တွင် မီးပုံးပျံပွဲတော် နိုဝင်ဘာလ၌ ကျင်းပမည်
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မြန်မာ့မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ၌ ၇ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း အဆိုပါမီးပုံးပျံပွဲစီစဉ်သည့်အဖွဲ့အစည်းများက ယနေ့ (အောက်တိုဘာ ၂၄ ရက်) ပြောကြားသည်။
အဆိုပါ မီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် မီးပုံးပျံပွဲတော်၏ ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် ရိုးရာနည်းပညာများနှင့် ပေါင်းစပ်ထားသော နည်းပညာအသစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်း ပွဲတော်အတွင်း မီးပုံးပျံ ၁၅၀ မှ ၂၀၀ ခန့် လွှတ်တင်မည်ဟု ခန့်မှန်းထားပြီး လွှတ်တင်နိုင်မည့် အရေအတွက်အတိအကျကို ယခုလကုန်တွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါပွဲတော်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန်နှင့် ရိုးရာပွဲတော်များကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ၊ တောင်ကြီးမီးပုံးပျံပွဲတော်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ရန် အာဏာပိုင်များက ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ တန်ဆောင်တိုင်ပွဲတော်များထဲတွင် တောင်ကြီးမီးပုံးပျံနှင့် မီးရှူးမီးပန်းပွဲတော်သည် အကျော်ကြားဆုံးဖြစ်သည်။ တောင်ကြီးမြို့ မီးပုံးပျံပွဲတော်၏ အစဉ်အလာသည် ၁၈၉၄ ခုနှစ်မှ စတင်ခဲ့သည်။ (Xinhua)