Media
မြန်မာနိုင်ငံ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ယခုနှစ်တွင် ခုနစ်ရက်တိုင်တိုင် ကျင်းပသွားမည်
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါပွဲတော်ရက်အတွင်း မီးပုံးပျံညမီးကြီး ယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံပျံ ၂၄ လုံး စုစုပေါင်း အလုံးရေ ၅၀၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မီးပုံးပျံဝါသနာရှင်များ လာရောက်ကြည့်ရှု လည်ပတ်နိုင်ကြောင်း သိရသည်။ ပွဲတော်ကာလအတွင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း/အုပ်စုအရုပ်)၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)