Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ နှစ်စဉ် လာရောက်လည်ပတ်သူ ၁.၅ သန်းခန့်ရှိ

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ သက်တမ်းအကြာဆုံးရှိပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၁ ဒသမ ၅ သန်းခန့်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် သက်တမ်း အားဖြင့် ၁၁၈နှစ်ရှိပြီဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံးဖြစ်သည့်တိရစ္ဆာန်ဥယျာဉ် တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ငှက်မျိုးစိတ် ၇၂ မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ် ၁၉ မျိုးတို့ ရှိပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၆ မျိုးနှင့် တိရစ္ဆာန်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းတို့အနက် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များဖြစ်သည့် ဘင်္ဂလားကျားများ၊ အာရှဆင်များ၊ ကျားသစ်များနှင့် ငှက်မျိုးစိတ်များကိုလည်း တိရစ္ဆာန်ရုံတွင် ထိန်းသိမ်းပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ရုံသည် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ အား မွေးမြူခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို အထောက်အကူပြုရေးအတွက် အသိပညာတိုးစေသည့် ပလက်ဖောင်းများအဖြစ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.