Connect with us

Media

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ “ဆင်ပြတိုက်” သို့ ကလေးများ လာရောက်လေ့လာ

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ယနေ့ (မေ ၁၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ “ဆင်ပြတိုက်” သို့ ကလေးများ လာရောက်လည်ပတ်လေ့လာခဲ့ကြကြောင်း သိရသည်။ ဆင်ပြတိုက်တွင် ခင်ကျင်းပြသထားမှုအနေဖြင့် ရှေးနှစ်သန်းပေါင်းများစွာက ဆင်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆဒ္ဒန်ဆင်ဖြူတော်အစွယ်တစ်စုံ၊ ဆင်ခန္ဓာကိုယ်ပေါ်တွင်
တပ်ဆင်အသုံးပြုသောပစ္စည်းများ ၊ ဆင်စွယ်/ဆင်ရိုးစုများနှင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများ၊ ဆင်အရိုးစုများအပြင် ဆင်စွယ်နက်ကဲ့သို့ ရှားပါးပြီးမြင်ရခဲသည့်ပစ္စည်းများအပြင်၊ ဆင်ခလောက်၊ ဆင်စွယ်၊ ဆင်စွယ်အစိတ်အပိုင်းများ၊ ဆင်၏အောက်မေးရိုးနှင့် အံသွားများကိုလည်း ခင်းကျင်းပြသထားသည်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များကို အခမဲ့ လေ့လာကြည်ရှုခွင့်ပြုခဲ့သည်။ အဆိုပါနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်) သို့လည်း ပြည်သူများ လာရောက်လည်ပတ်လေ့လာခဲ့ကြကြောင်း သိရသည်။ (Xinhua)