Connect with us

Media

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် အာရှဆင်များအကြောင်း အသိပညာဖြန့်ဝေခြင်းဖြင့် ကမ္ဘာ့ဆင်များနေ့ကို ဂုဏ်ပြု

ရန်ကုန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် ကမ္ဘာ့ဆင်များနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် အထူးအစီအစဉ် အဖြစ် ဩဂုတ် ၁၁ ရက်က အာရှဆင်များအကြောင်း အသိပညာဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် ဆင်လေးကောင်စောင့်ရှောက်ထားလျက်ရှိသည်။ ၎င်းတို့အနက် အသက်အကြီးဆုံး အာရှဆင်ဖြစ်သော မိုမိုသည် လာရောက်လည်ပတ်သူ ဧည့်သည်များ၏ နှလုံးသားကို ဆွဲဆောင်လွှမ်းမိုးလျက်ရှိကြောင်း သိရသည်။ ဆင်မကြီးမိုမိုသည် (အသက် ခုနစ်နှစ်ခန့် ) ၁၉၆၁ ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရောက်ရှိခဲ့ပြီး ယခုအခါ အသက် ၇၁ နှစ်နီးပါးရှိပြီဖြစ်သည်။ မိုမို၏ အသက်ရှည်မှုနှင့် သန်မာမှုတို့က တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်သူများအကြားတွင် အထင်ကရ ဆွဲဆောင်သူ ဖြစ်လာခဲ့ကြောင်း တိရစ္ဆာန်ရုံရှိ တာဝန်ရှိသူများက ပြောကြားကြသည်။ (Xinhua)