Connect with us

Media

မြန်မာနိုင်ငံ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၇၃ ဦးကို ထပ်မံစစ်ဆေး ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၂၇၃ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ထပ်မံစစ်ဆေးဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ ဖမ်းဆီးရမိသူများသည် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသူများဖြစ်ကြောင်း သိရသည်။ (Xinhua)