Media
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှု ဖြစ်ပွားလျက်ရှိသဖြင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မြင့်မားသော လေထုညစ်ညမ်းမှုနှင့် ကြုံတွေ့ရလျက်ရှိကာ လေထုအရည်အသွေးမှာ လေထုအရည်အသွေး အညွှန်းကိန်း (AQI) ၅၀ မှ ၂၀၀ အတွင်း ပြောင်းလဲလျက်ရှိကြောင်း၊ AQI ၂၀၀ အဆင့်အထိ ရောက်ရှိလာခြင်းက ကျန်းမာရေးကို ထိခိုက်စေသည်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ဖေဖော်ဝါရီ ၅ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)