Media
မြန်မာနိုင်ငံက ၁၁ လအတွင်း ဆန်တင်ပို့မှု ဘယ်လောက်ရှိလဲ
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၁ လတာ ကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၂.၃၇ သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ မတ် ၁၁ ရက်၌ ထုတ်ပြန်သော သတင်းအရ သိရသည်။ လွန်ခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၈၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပိုလန်နှင့် အီတလီအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းလမ်းမှ ဆန်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)