Media
မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်း နှင့် ဟောင်ကောင် ဟ(တရုတ်) ယူ -၂၂ အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲစဉ် ဂိိုးမရှိသရေပွဲ ဖြစ်ခဲ့
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
၂၀၂၅ ဆီးဂိမ်းစ်နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှ ခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်း၏ ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ဟောင်ကောင် (တရုတ်) ယူ -၂၂ အသင်းနှင့် မတ် ၁၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါပွဲစဉ် ပထမပိုင်းတွင် ဟောင်ကောင် (တရုတ်) ယူ -၂၂ အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်းက ဂိုးကန်သွင်းခြိမ်းခြောက်မှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ မိနစ် ၉၀ ယှဉ်ပြိုင်ကစားခဲ့ကြအပြီးတွင် နှစ်ဖက်သွင်းဂိုးများ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် ဂိုးမရှိသရေပွဲရလဒ်သာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ( Xinhua)