Media
မြန်မာနိုင်ငံ ပဲခူးမြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် အတက်နေ့မြင်ကွင်း
ပဲခူး၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများက မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ရေပက်ကစားခြင်း၊ စတုဒိသာမဏ္ဍပ်ထိုး၍ ထမင်းများကျွေးမွေးခြင်း၊ အအေးနှင့် မြန်မာ့ရိုးရာမုန့်များကျွေးမွေးခြင်းတို့ဖြင့် နေ့စဉ်ဒါနပြုလှူဒါန်းလျက်ရှိရာ သင်္ကြန်အတက်နေ့မြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။
ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော်သည် ယူနက်စကိုတွင် လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းဝင်ပြီးနောက် ပထမဆုံးကျင်းပခြင်းလည်း ဖြစ်သည်။ (Xinhua)