Media
ရီးရဲလ်မက်ဒရစ်အတွက် ပေးဆပ်မှုကြီးမားသော စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်မှု
စက်တင်ဘာ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအား ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အနေဖြင့် ဒဏ်ရာပြဿနာများ၊ ပွဲပယ်ပြစ်ဒဏ်များကြောင့် ကြီးကြီးမားမား ပေးဆပ်ရတော့မည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲမှာ အငြင်းပွားမှုများနှင့် အဆုံးသတ်ခဲ့ပြီး ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုတွင် ကွင်းလယ်ဒိုင် ရီကာဒို ဒီဘာဂေါ့စ် ဘန်ဂွယ်တီယာက ဘာစီလိုနာအား အလွတ်တည်ကန်ဘော ကန်ခွင့်ပေးခဲ့ရာ ရီးရဲလ်မက်ဒရစ် ကစားသမားအချို့က စိတ်မထိန်းနိုင်ဘဲ အကျည်းတန်သော ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ ဂျုဒ်ဘယ်လင်ဟမ်၊ လူးကပ်စ် ဗက်ဇ်ကေးနှင့် အန်တိုနီယို ရူဒီဂါတို့က ထိုဆုံးဖြတ်ချက်အပေါ် ဒေါသတကြီး စောဒကတက်ခဲ့သည့်အတွက် အနီကတ်ပြသခြင်း ခံခဲ့ရသည်။
ဘယ်လင်ဟမ်နှင့် ဗက်ဇ်ကေးတို့မှာ တစ်ပွဲပယ် သို့မဟုတ် နှစ်ပွဲပယ်ခံရဖွယ်ရှိပြီး ထိုပြစ်ဒဏ်အား လာမည့်ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ကျခံရမည်ဖြစ်သည်။
သို့သော် ရူဒီဂါမှာ ကွင်းလယ်ဒိုင်အား ရေခဲအိတ်ဖြင့် ပစ်ပေါက်ခဲ့သဖြင့် အသင်းဖော်များနှင့် အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ အဖွဲ့သားများက ဝိုင်းဝန်းတားဆီးခဲ့ရပြီး ၎င်းအနေဖြင့် များစွာပိုမိုပြင်းထန်သော ပွဲပယ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
……………………………
(English Version)
Real Madrid pays heavy price for Copa del Rey defeat
Real Madrid will pay a heavy price in injuries and suspensions following Saturday night’s dramatic 3-2 defeat to FC Barcelona in the final of the Copa del Rey.
The final ended in controversy and there were ugly scenes with several Real Madrid players losing control after referee Ricardo de Burgos Bengoetxea awarded a free kick to Barcelona in the closing seconds, with Jude Bellingham, Lucas Vazquez and Antonio Rudiger all shown red cards for their vociferous protests.
Bellingham and Vazquez can expect bans of either one or two games, which they will serve in next season’s Copa del Rey.
However, Rudiger faces a much tougher suspension after the German hurled a bag of ice at the referee and needed to be held back by team-mates and members of the Real Madrid technical staff.
China, Thailand, South Korea, Chinese Taipei advance to Sudirman Cup knockouts
Defending champion China, along with Thailand, South Korea, and Chinese Taipei, secured early passage to the Sudirman Cup knockout stages after dominating their first two group matches on Monday.
In Group A, China rotated its lineup against Hong Kong, China resting all starters except men’s singles star Shi Yuqi. Shi endured a grueling battle with Lee Cheuk Yiu, dropping the second set before rallying to win the decider 21-12. The hosts ultimately prevailed 5-0.