Connect with us

Media

ဇာဘီ အလွန်ဆိုအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း ရီးရဲလ်မက်ဒရစ် အတည်ပြု

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ကာလို အန်ဆယ်လော့တီ၏ နေရာတွင် ဇာဘီ အလွန်ဆိုအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း မေ ၂၅ ရက်၌ ကြေညာခဲ့သည်။ ရီးရဲလ်ဆိုစီဒက်-ဘီ အသင်းနှင့် လေဗာကူဆင်အသင်း နည်းပြဟောင်းဖြစ်သူ အလွန်ဆိုမှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကာ ယခုနွေရာသီတွင် ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရီးရဲလ်အား စတင်ကိုင်တွယ်မည်ဖြစ်သည်။
အလွန်ဆိုမှာ ၎င်း၏ကစားသမားဘဝကို ရီးရဲလ်ဆိုစီဒက်တွင် စတင်ခဲ့ပြီး လီဗာပူးလ်နှင့်အတူ အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ကာ ဘောလုံးရာသီ ငါးခုကြာ ကစားခဲ့ရာတွင် ၂၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းနှင့် ချန်ပီယံလိဂ်ဆုဖလား၊ လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့သည်။
၎င်းအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဂျာမန်ကလပ် လေဗာကူဆင်အသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး အသင်းအား တန်းမဆင်းရအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့နောက် ၎င်း၏ ဦးဆောင်မှုအောက်တွင် လေဗာကူဆင်မှာ ပထမဆုံးသော ဘွန်ဒက်စ်လီဂါ ဆုဖလားကို ရှုံးပွဲမရှိဘဲ ရယူနိုင်ခဲ့သလို ဂျာမန်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း အတ္တလန်တာအား ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ (Xinhua)
…………………………..
(English Version)
Real Madrid confirms Xabi Alonso as new head coach
Real Madrid on Sunday named Xabi Alonso as its new head coach to replace Carlo Ancelotti. The former Real Sociedad B and Bayer Leverkusen boss has signed a contract until June 2028, and will lead Madrid in this summer’s Club World Cup.
Alonso began his playing career at Real Sociedad, and after a successful spell with Liverpool, moved to Real Madrid in 2009, making 236 appearances across a five-year spell, winning the Champions League, La Liga and two Copas del Rey.
He joined Bayer Leverkusen in October 2022, helping lift the German club out of relegation danger, before guiding the club to its first-ever Bundesliga title in a remarkable unbeaten campaign, in which Leverkusen also won the German Cup and reached the final of the Europa League, losing 3-0 to Atalanta.