Connect with us

Media

မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းနိုင်ငံခြားသား ခရီးသွားဧည့်သည် ၃၀၀,၀၀၀ ကျော် ဝင်ရောက်

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃၄၅,၅၃၈ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယနေ့ (မေ ၃၀ ရက်)က ထုတ်ပြန်သော သတင်းအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက်မှာ ယခင်နှစ်ကာလတူက ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၄၃၅,၄၃၉ ဦးနှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နိုင်ငံခြားခရီးသွားဧည့်သည် အများစုသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လာရောက်လည်ပတ်ကြကြောင်း ၎င်းကဆိုသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၁ ဒသမ ၀၆ သန်းကျော် လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.