Media
စက္ကန့် ၆၀ အတွင်း တာ့ခ်မင်နစ္စတန်နိုင်ငံကို လျှပ်တပြတ် လေ့လာကြည့်ရှုခြင်း
တာ့ခ်မင်နစ္စတန်နိုင်ငံသည် ဗဟိုအာရှအနောက်တောင်ပိုင်းတွင်တည်ရှိသော ကုန်းတွင်းနိုင်ငံတစ်ခုဖြစ်ရာ မြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတွင် ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသလို အနောက်ဘက်တွင် ကက်စပီယန် (Caspian) ပင်လယ်နှင့်ထိစပ်လျက်ရှိပြီး ကက်စပီယန်ပင်လယ်တစ်ဖက်က အဇာဘိုင်ဂျန်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့်မျက်နှာမူလျက်ရှိသည်။ တောင်ဘက်တွင် အီရန်၊ အရှေ့တောင်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မြို့တော်မှာ အရှာဂါဘတ် ဖြစ်သည်။
တာ့ခ်မင်နစ္စတန်နိုင်ငံ ဧရိယာမှာ ၄၉၁,၂၀၀ စတုရန်းကီလိုမီတာရှိပြီး ယင်းဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ကာရာကွမ်း(Karakum) သဲကန္တာရဖုံးလွှမ်းထားသည်။ သဘာဝဓာတ်ငွေ့အရင်းအမြစ်အလွန်ပေါကြွယ်ဝသောကြောင့် “အပြာရောင်ရွှေနိုင်ငံ” ဟုလည်းတင်စားခေါ်ဝေါ်ကြသည်။
တရုတ်နှင့် တာ့ခ်မင်နစ္စတန်တို့သည် ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးထူထောင်ခဲ့သည်။၂၀၂၃ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ကာ နှစ်နိုင်ငံတွင် အေးအတူပူအမျှအသိုက်အဝန်း ဖော်ဆောင်ရန် ကြေညာခဲ့သည်။ (Xinhua)
……………………
(Chinese Version)
极速掠影|60秒带你看土库曼斯坦
0:05土库曼斯坦位于中亚西南部,为内陆国家,北部和东北部与哈萨克斯坦、乌兹别克斯坦接壤,西濒里海并与阿塞拜疆、俄罗斯隔里海相望,南邻伊朗,东南部与阿富汗交界。首都为阿什哈巴德。
0:25土库曼斯坦国土面积49.12万平方公里
其中约80%被卡拉库姆沙漠所覆盖
土库曼斯坦天然气资源异常丰富 被誉为“蓝金之国”
0:42 中土1992年1月6日建交。2013年建立战略伙伴关系。2023年建立全面战略伙伴关系,并宣布在双边层面践行命运共同体。