Media
သွားရောက်လည်ပတ်စရာ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်က အများပြည်သူ လာရောက်လည်ပတ်ကြသည့် မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်၏ ထင်ရှားသော နေရာတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် ရေပြင်ဧရိယာ ဧက ၇ဝ အပါအဝင် အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ အကျယ်အဝန်းမှာ ၄၃၆ ဧက ကျော်ရှိသည်။ ၂ဝဝ၁ ခုနှစ်မှစတင်ကာ ဥယျာဉ်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်အဖြစ် အမည်ပြောင်းခဲ့သည်။ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ယခုအခါ နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ (Xinhua)