Media
ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခကြောင့် ထိုင်းဘက်တွင် လူ ၁၄ ဦးသေဆုံး၍ ၄၆ ဦးဒဏ်ရာရရှိ
ဘန်ကောက်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဒေသစံတော်ချိန် ဇူလိုင် ၂၄ ရက် ည ၉ နာရီအထိ ထိုင်းအရပ်သား ၁၃ ဦးနှင့် စစ်သည် ၁ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Varoth Chotpitayasunondh က ဇူလိုင် ၂၄ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
အဆိုပါနေ့ ညပိုင်းအထိ ကမ္ဘောဒီးယားဘက်က ထိခိုက်သေဆုံးမှု အခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်မှုမရှိသေးပေ။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် အဆိုပါနေ့တွင် နယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် မကြာမီ နှစ်ဖက်က နိုင်ငံတကာ ဥပဒေချိုးဖောက်သည်ဟု အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ယင်းနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရန် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က တိုက်တွန်းခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
泰国公共卫生部:泰柬边境冲突致泰方14死46伤
新华社曼谷7月24日电(记者陈倩慈 林昊)泰国公共卫生部副发言人瓦洛·触比塔耶素农24日晚在社交媒体发文说,截至当地时间24日21时,泰国与柬埔寨边境冲突已造成泰方13名平民和1名士兵死亡,另有46人受伤。
柬埔寨方面截至当晚未就柬方伤亡情况发布消息。
柬埔寨和泰国当天在边境地区发生冲突,随后双方互相指责对方违反国际法。柬埔寨首相洪玛奈呼吁联合国安理会就此召开紧急会议。(完)