Connect with us

Media

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအင်အားကို စုစည်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ကောင်းမွန်ပြည့်စုံစေခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းဆီသို့ အတူလက်တွဲ လျှောက်လှမ်းခြင်း

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ထျန်းကျင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၅ ကြိမ်မြောက် SCO အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများကောင်စီ အစည်းအဝေး၌ အရေးကြီး မိန့်ခွန်းပြောကြားခဲ့ရာ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကိုလည်း ထိန်းသိမ်းထားခြင်း၊ အပြန်အလှန်အကျိုးပြုပြီး ဘုံအကျိုးဖြစ်ထွန်းမှုဖော်ဆောင်ခြင်း၊ တံခါးဖွင့်လှစ်မှုနှင့် အားလုံးလက်ခံပါဝင်နိုင်ခြင်း၊ တရားမျှတ၍ သမာသမတ်ကျခြင်း၊ လက်တွေ့ကျ၍ ထိရောက်မှုရှိခြင်းတို့ကို အခိုင်အမာ လက်ကိုင်ထားခြင်းဟူသော လက်ကိုင်ထားမှု ၅ ရပ်ကို အဆိုပြုခဲ့သည်။ အဆိုပါ လက်ကိုင်ထားမှု ၅ ရပ်သည် “ရှန်ဟိုင်းစိတ်ဓာတ်” နှင့်အတူ တစ်သွေးတစ်သားတည်း လက်ဆင့်ကမ်းသွားပြီး “ရှန်ဟိုင်းစိတ်ဓာတ်” အား ခေတ်သစ်အဓိပ္ပာယ် ဖွင့်ဆိုချက်များ ပေးအပ်ခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်းကြောင့် SCO မိသားစုကြီးထဲ၌ အားကောင်းစွာ ပဲ့တင်ထပ်သံများ ရရှိခဲ့သည်။

ကာဇက်စတန်နိုင်ငံ တရုတ်ရေးရာ သုတေသနစင်တာ ဒါရိုက်တာ Gulnar Shaimergenova
“ရှန်ဟိုင်းစိတ်ဓာတ်” က လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ တန်ဖိုးအမြင်မဟုတ်ဘဲ လက်တွေ့ဖော်ဆောင်မှုအတွက် လမ်းပြသံလိုက်အိမ်မြောင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း SCO ရဲ့ပုံစံက ယနေ့ ဗဟုဝင်ရိုးကမ္ဘာထဲမှာ ကြံ့ကြံ့ခံနိုင်မှုနဲ့ ဆွဲဆောင်မှုအားကို ဖော်ပြနိုင်တာ ဖြစ်ပါတယ်။

ကာဂျစ္စတန်နိုင်ငံ KABAR အမျိုးသားသတင်းအေဂျင်စီ သတင်းထောက် အာ့ခ်မယ်လ်
ဒီလိုမျိုး “ရှန်ဟိုင်းစိတ်ဓာတ်” ကို အရင်းခံထားတဲ့အတွက် SCO အဖွဲ့ဝင်နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်း အကျိုးထမ်းဆောင်ပေးနေပြီး အဖွဲ့အစည်းအတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် သေချာစေတာဖြစ်ပါတယ်။

ကာဇက်စတန်နိုင်ငံ Silk Way ရုပ်သံချန်နယ် သတင်းထောက် Ainur Imangali
အပြန်အလှန် စည်းလုံးညီညွတ်မှုဖြစ်ပြီး အပြန်အလှန်ပြိုကွဲမှု မဟုတ်တာက သိပ်ကိုအရေးကြီးပါတယ်။ “ရှန်ဟိုင်းစိတ်ဓာတ်” က ဒီလိုမျိုးလို့ ကျွန်မထင်ပါတယ်။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ် တောင်အာရှနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSAIS) အမှုဆောင်ဒါရိုက်တာ Dr. Mehmood ul Hassan Khan
ဒီ (“လက်ကိုင်ထားမှု ၅ ရပ်”) က အမှန်တကယ်မှာတော့ SCO ရဲ့ မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖိန်က ဒီလိုမျိုး အလုံးစုံကျပြီး ဘက်စုံကျတဲ့ အစီအမံကို ကြေညာတာက အမှန်တကယ်မှာ SCO ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက် အင်အားတောင့်တင်းလာမှုအတွက် အခွင့်အလမ်းအသစ်တွေ ပံ့ပိုးပေးလိုက်ပါတယ်။

သမ္မတ ရှီကျင့်ဖိန်က “SCO Plus” အစည်းအဝေးတွင် အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ အကြီးမားဆုံး ထူးခြားချက် ဖြစ်ခဲ့ပါသည်။ ယနေ့ကမ္ဘာကြီး ရင်ဆိုင်နေရသည့် စီမံခန့်ခွဲမှု လိုအပ်ချက်နှင့် စပ်လျဉ်း၍ သမ္မတ ရှီကျင့်ဖိန်က အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို ကျင့်သုံးရန်၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လိုက်နာရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ ဆောင်ရွက်ရန်၊ လူထုဗဟိုပြုချဉ်းကပ်မှုကို အားပေးထောက်ခံရန်နှင့် လှုပ်ရှားမှုဦးတည်ချက်ကို အလေးထားရန် တိုက်တွန်းခဲ့သည်။ နိုင်ငံအများအပြားမှ လူပုဂ္ဂိုလ်များက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ပိုမိုတရားမျှတ၍ လျော်ကန်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန်အတွက် တရုတ်ဉာဏ်ပညာနှင့် တရုတ်နည်းလမ်း ပံ့ပိုးကူညီ အကျိုးဆောင်ပေးခဲ့ရာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းဆီသို့ နိုင်ငံများအတူ ချီတက်ရန် တက်ကြွမှုပြည့်ဝသည့် တိုးတက်သောအင်အား ဖြည့်တင်းပေးပေသည်။

ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Ivan Arkhipov
သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းထဲမှာ ပြောသွားတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က လေးနက်တဲ့ အနက်အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအစီအမံက SCO နဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ် ပံ့ပိုးပေးသွားမှာပါ။ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်တဲ့ ကဏ္ဍမှာ အလွန်အရေးပါတဲ့ အနက်အဓိပ္ပာယ်ရှိပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံရေး ကျွမ်းကျင်ပညာရှင် ဇာဇန် အာမက် ဩလီယာ
သမ္မတ ရှီကျင့်ဖိန်ရဲ့ မိန့်ခွန်းက အရေးကြီးမှုနဲ့ ဩဇာသက်ရောက်မှုရှိပါတယ်။ ကျွန်တော့်အတွက် ဂရုပြုဖို့ အထိုက်တန်ဆုံးကတော့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ပဲဖြစ်ပါတယ်။ သူက တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို သယ်ဆောင်လာနိုင်ပါတယ်။

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဥက္ကဋ္ဌ ဦးကိုကို
သမ္မတ ရှီကျင့်ဖိန် အဆိုပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံလာအောင် ပြုပြင်ပြောင်းလဲမှုကို စဉ်ဆက်မပြတ် တွန်းအားပေးတဲ့ အရေးကြီး ခြေလှမ်းဖြစ်ပါတယ်။ ပိုမို ကိုယ်စားပြုနိုင်ပြီး တရားမျှတကာ ဗဟုဝင်ရိုးအသွင်ဖြစ်တဲ့ စနစ်တစ်ခု တည်ဆောက်မှုကို တရုတ်နိုင်ငံက ကြိုးပမ်းတွန်းအားပေးနေမှန်း ဒီအစီအမံက ဖော်ပြနေပါတယ်။

ရုရှားသိပ္ပံအကယ်ဒမီ တရုတ်နိုင်ငံနှင့် မျက်မှောက်ခေတ် အာရှတိုက် သုတေသနစင်တာ (ICCA RAS) အကြီးတန်းသုတေသီ Vladimir Ye. PETROVSKY
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံနဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေက တည်ရှိဆဲ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ထဲမှာ ပိုမိုအရေးပါတဲ့ ထုတ်ဖော်ပြောဆိုခွင့် ရရှိလာဖို့ တရုတ်နိုင်ငံက အစဉ်တစိုက် အဆိုပြုနေပါတယ်။

ဥဇဘက်ကစ္စတန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစင်တာ ဒါရိုက်တာ Eldor Turyakov
SCO အဖွဲ့ဝင်နိုင်ငံနဲ့ မိတ်ဖက်တွေက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုကြပါတယ်။ ယနေ့ရှုပ်ထွေးနေတဲ့ နိုင်ငံတကာပတ်ဝန်းကျင်မှာ ပိုမိုတရားမျှတပြီး ထိရောက်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းစနစ်တစ်ခု တည်ဆောက်မှုကို တွန်းအားပေးဖို့ ၎င်းက လမ်းညွှန်မှု အခြေခံမှု ပံ့ပိုးပေးလိုက်သလို လက်တွေ့ကိရိယာလည်း ပံ့ပိုးပေးလိုက်ပါတယ်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ရလဒ်များပြည့်ဝပြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ စုစည်းထားကြောင်း၊ ဘက်အသီးသီးက “ရှန်ဟိုင်းစိတ်ဓာတ်” အား အရင်းခံ၍ ပိုမိုနီးကပ်သည့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု ရည်မှန်းချက်ဆီသို့ ချီတက်ရန် အားပေးနေပါကြောင်း နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များက ယူဆကြသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ပြည်သူ့သံတမန်ဆက်ဆံရေးစင်တာ ဒါရိုက်တာ Kabuljon Sabirov
(SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေးတွင် အဆိုပြုခဲ့တဲ့ အကြံပြုချက်အသစ်နဲ့ အစီအမံအသစ်က SCO ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လားရာအသစ် လမ်းညွှန်ပေးပြီး လတ်တလောကာလမှာသာမက ရေရှည်ကာလမှာလည်း ၎င်းရဲ့အခန်းကဏ္ဍကနေ ပါဝင်သွားဖို့ ကျွန်တော်စိတ်ရင်းအမှန်နဲ့ မျှော်လင့်ပါတယ်။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ် တောင်အာရှနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSAIS) အမှုဆောင်ဒါရိုက်တာ Dr. Mehmood ul Hassan Khan
အချိန်ကာလကြာလာတာနဲ့အမျှ (ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ) ဒီအစီအမံအသစ်နဲ့ သမ္မတ ရှီကျင့်ဖိန် အဆိုပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရေး လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) တွေက ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိလာပြီး အားနည်းတဲ့အုပ်စု အသိုက်အဝန်းနဲ့ နိုင်ငံတွေကို ကူညီပေးနိုင်ကာ နိုင်ငံတကာစနစ်မှာ ထိရောက်မှုမြင့်မားတဲ့၊ ထိရောက်မှုပြည့်ဝတဲ့၊ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီးဟောင်း Magdy Amer
ဒီအစီအမံတွေရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်က နိုင်ငံတစ်နိုင်ငံ နှစ်နိုင်ငံပဲပါဝင်တဲ့ အသိုက်အဝန်း မဟုတ်ဘဲ လူသားအားလုံးပိုင်ဆိုင်တဲ့ အသိုက်အဝန်း တစ်ခု၊ တရားမျှတမှုနဲ့ အမှန်တရားပေါ် အခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ နိုင်ငံအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကမှ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုရဲ့ အနှစ်သာရဖြစ်ပါတယ်။ (Xinhua)

———————-
(Chinese Version)
凝聚上合力量 完善全球治理 携手迈向人类命运共同体

8月31日至9月1日,2025年上海合作组织峰会在天津举行。国家主席习近平在上海合作组织成员国元首理事会第二十五次会议上发表重要讲话,提出坚持求同存异,坚持互利共赢,坚持开放包容,坚持公平正义,坚持务实高效的重要主张,这五个坚持同“上海精神”一脉相承,赋予上海精神新的时代内涵。习近平主席的重要讲话在上合大家庭中引发强烈共鸣。

古丽娜尔·啥伊梅尔格诺娃 哈萨克斯坦中国研究中心主任
“上海精神”不是抽象的价值观念,而是实践的指南针。这也使上合组织的模式能在当今多极化世界中展现出韧性和吸引力。
阿克穆尔 吉尔吉斯斯坦 卡巴尔国家通讯社记者
正是秉持着这种“上海精神”,上合组织成员国都在努力为发展作出贡献,并为组织内的稳定与和平提供保障。
艾努尔·伊曼加利 哈萨克斯坦丝绸之路电视频道记者
互相团结而不是彼此割裂是非常重要的,我认为“上海精神”正是这样。
马哈茂德·哈桑·汗 巴基斯坦伊斯兰堡 南亚与国际研究中心执行主任
这(“五个坚持”)实际上是上合组织的战略发展路线图,习近平主席宣布这些整体及全面的倡议,实际上也为上合组织未来的发展壮大提供了新的机遇。

习近平主席在“上合组织+”会议上提出全球治理倡议成为本次峰会最大亮点。针对当今世界面临的治理赤字,习近平主席呼吁奉行主权平等,遵守国际法治,践行多边主义,倡导以人为本,注重行动导向。多国人士表示,全球治理倡议为构建更加公正合理的全球治理体系,贡献中国智慧,提供中国方案,为各国迈向人类命运共同体注入澎湃动力。

伊万·阿尔希波夫 俄中友协副主席
我认为,习近平主席在讲话中提出的全球治理倡议意义深远。该倡议将为上合组织乃至更广泛的国际社会提供新的合作框架,特别是在促进全球南方国家发展方面具有重要意义。

法扎勒·艾哈迈德·奥里亚 阿富汗政治专家
习近平主席的讲话具有关键性和影响力。对我来说,最值得关注的是全球治理倡议,它能带来公正、和平与稳定。

戈戈 缅甸叙事智库主席
习近平主席提出的全球治理倡议是中国持续推动全球治理体系变革完善的重要一步。该倡议表明,中国正致力于推动建设一个更加具有代表性、公平且多极化的体系。

弗拉基米尔·彼得罗夫斯基 俄罗斯科学院 中国与现代亚洲研究所首席研究员
中国一直在倡导,全球南方国家和上合组织成员国应该在现有全球治理体系中拥有更重要的发言权。

埃尔多尔·图里亚科夫 乌兹别克斯坦 发展战略研究中心主任
上合组织成员国及伙伴们普遍欢迎全球治理倡议。在当今复杂的国际环境中,它既提供了指导原则,也提供了务实工具,以推动建设一个更加公正有效的全球秩序。

多国人士表示,本次峰会成果丰硕,凝聚合作共识,鼓舞各方秉持“上海精神”,向着构建更加紧密命运共同体的目标阔步迈进。

萨比洛夫 乌兹别克斯坦 上合组织民间外交中心主任
我真诚希望,在(上合组织)天津峰会上提出的新建议和新倡议,能够为上合组织的发展指明新的方向,不仅在近期,也在长期层面上发挥作用。

马哈茂德·哈桑·汗 巴基斯坦伊斯兰堡 南亚与国际研究中心执行主任
我衷心希望随着时间的推移,(全球治理倡议)这项新倡议,以及习近平的全球发展倡议、全球安全倡议、全球文明倡议能够取得更好的发展,能够帮助弱势群体、社群和国家,并持续在国际体系中发挥高效、富有成效和积极的作用。

马格迪·阿米尔 埃及前驻华大使
所有这些倡议的宗旨和目标,就是建设一个属于所有人的共同体,一个建立在公平与正义基础上的国家社会,而非某一两个国家的共同体。这正是构建人类命运共同体的内涵所在。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.