Media
မာဒူရို ဇနီးမောင်နှံ နိုင်ငံပြန်ရောက်ရန် “ကယ်တင်” မည်ဟု ဗင်နီဇွဲလား ယာယီသမ္မတ ကတိပြု
ကရာကတ်စ်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) က ၎င်းအနေဖြင့် အမေရိကန် အတင်းအဓမ္မ ထိန်းချုပ်ထားသော ဗင်နီဇွဲလား သမ္မတ မာဒူရိုနှင့် ၎င်း၏ဇနီးတို့ အမိနိုင်ငံသို့ ပြန်ရောက်ရန် ကြိုးပမ်းဖော်ဆောင်သွားမည်ဟု ဇန်နဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။
ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံပိုင်ရုပ်မြင်သံကြားက ထုတ်လွှင့်သော မိန့်ခွန်းပြောကြားမှုအတွင်း၌ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်မှုသည် မာဒူရို ဇနီးမောင်နှံအား “ကယ်တင်ရေး” ရည်မှန်းချက် ဖော်ဆောင်ရန်အတွက် အလွန်အရေးကြီးကြောင်း၊ “ကျွန်မတို့ သူ့ကို သေချာပေါက် ပြန်လည်ကယ်ဆယ်နိုင်မှာပါ” ၊ “ကျွန်မတို့ သေချာပေါက်လုပ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအနေဖြင့် တိကျသော နိုင်ငံရေးရာစီမံခန့်ခွဲမှု နည်းဗျူဟာအား တွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း၊ “ဒီနေရာမှာ မသေချာမရောမှုဆိုတာ မရှိဘူး။ ဒီနေရာက ဗင်နီဇွဲလားပြည်သူတွေ ဦးဆောင်နေတာ။ ဒီနေရာမှာ အစိုးရတစ်ခုပဲရှိတယ်၊ အဲဒါ သမ္မတ မာဒူရိုရဲ့ အစိုးရပဲ။ ကျွန်မတို့အတူ ဆက်လက်ပြီး စည်းလုံးညီညွတ်စွာ ရှေ့ဆက်ကာ ငြိမ်းချမ်းရေးကို ကာကွယ်ကြပါစို့” ဟု Delcy Rodríguez က ပြောကြားခဲ့သည်။
အမေရိကန်သည် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံအပေါ် ကြီးမားသော စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီး ဗင်နီဇွဲလား မြို့တော်ကရာကတ်စ် စသည့် ဒေသများအား လျှပ်တစ်ပြက် ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အပြင် ဗင်နီဇွဲလား သမ္မတ မာဒူရို ဇနီးမောင်နှံကိုလည်း အတင်းအဓမ္မဖမ်းဆီးထိန်းချုပ်ကာ ၎င်းတို့အား အမေရိကန်အထိ ခေါ်ဆောင်သွားခဲ့သည်။ မာဒူရို ဇနီးမောင်နှံသည် ဇန်နဝါရီ ၅ ရက်တွင် အမေရိကန် နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးတွင် ရုံးထုတ်ခံရပြီး အမေရိကန်ဘက်၏ “ပြစ်မှုကျူးလွန်သည်” ဟူသော စွဲချက်များကို ငြင်းဆိုခဲ့သည်။
မာဒူရို၏ သားဖြစ်သူ နီကိုလပ်စ် မာဒူရို ဂွါရာက မာဒူရိုသည် “အစစအရာရာ အဆင်ပြေပြီး စိတ်ဓာတ်အလွန်ခိုင်မာပါတယ်” ဟု ဇန်နဝါရီ ၁၀ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
委内瑞拉代总统誓言“营救”马杜罗夫妇回国
新华社加拉加斯1月10日电(记者田睿 吴昊)委内瑞拉代总统德尔西·罗德里格斯10日表示,将努力促成遭美国强行控制的委总统马杜罗及其夫人返回祖国。
罗德里格斯在委国家电视台播出的讲话中表示,全国团结对实现“营救”马杜罗夫妇的目标至关重要,“我们一定会把他救回”,“我们一定能做到”。
罗德里格斯说,委内瑞拉正在推进明确的治国方略,“这里不存在不确定性。这里由委内瑞拉人民作主,这里只有一个政府——马杜罗总统的政府。让我们继续团结前行,捍卫和平”。
美国3日对委内瑞拉发起大规模军事行动,突袭委首都加拉加斯,强行控制委总统马杜罗夫妇并将其带往美国。马杜罗夫妇5日在纽约一家联邦法院首次出庭,拒绝美方所谓“犯罪”指控。
马杜罗之子格拉10日在社交媒体上说,马杜罗“一切安好并且很坚强”。(完)
