Media
မြန်မာနိုင်ငံတွင် ရွှေစာရံဘုရားပွဲတော်ကာလမတိုင်မီ ဘုရားဖူးလာရောက်ကြသူများ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ၇၈ကြိမ်မြောက် သစ္စာအဓိဋ္ဌာန်ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မကြာမီစတင်ကျင်းပတော့မည်ဖြစ်ရာ ဘုရားပွဲတော် မစတင်မီကပင် ဘုရားဖူးပြည်သူများ လာရောက်မှုဖြင့် စည်ကားလျက်ရှိသည်ကို မကြာသေးမီရက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ရွှေစာရံဘုရားပွဲတော်သည် နှစ်စဉ် တပေါင်းလပြည့်နေ့တွင် စတင်ကျင်းပလေ့ရှိကြောင်း သိရသည်။
အဆိုပါဘုရားပွဲတော်ကြီးသည် အထက်မြန်မာပြည်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ်တွင် တပေါင်းလဆန်း ၁ ရက်နေ့က စတင်ကာ ဘုရားဖူးများ စည်ကားလျက်ရှိပြီး ရှမ်းပြည်နယ်ထွက် ဆေးဖက်ဝင်ပစ္စည်းများ၊ ဒေသစာ စားသောက်ကုန်များ၊ မုန့်အမျိုးမျိုး၊ အမှတ်တရပစ္စည်းများအပြင် အပန်းဖြေ လည်ပတ်စရာ နေရာများရှိသောကြောင့် မန္တလေးမြို့သူ/သားများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
