Media
ရုရှားနှင့် အမေရိကန်ကြားရရှိထားသော New START သက်တမ်းကုန်ဆုံးခြင်းက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆိုးရွားသည့်အချိန်အခါဖြစ်ကြောင်း ဂူတာရက်စ် ဆို
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ရုရှားနှင့် အမေရိကန်ကြားရရှိထားသော မဟာဗျူဟာလက်နက် လျှော့ချရေးစာချုပ်သစ် (New START) သက်တမ်းကုန်ဆုံးခြင်းက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ဆိုလျှင် ဆိုးရွားသည့်အချိန်အခါဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက် သက်တမ်းကုန်ဆုံးခြင်းက ရာစုနှစ်ဝက်ကျော်ကာလတစ်လျှောက်တွင် ရုရှားနှင့် အမေရိကန်၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တိုက်အပေါ် မည်သည့်စည်းနှောင်ကန့်သတ်ချက်မျှ မရှိတော့သည့် အခြေအနေ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဂူတာရက်စ်က အဆိုပါနေ့၌ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ စစ်အေးတိုက်ပွဲနှင့် စစ်အေးတိုက်ပွဲကာလအတွင်း ရုရှားနှင့် အမေရိကန်ကြားရှိ နျူကလီးယားလက်နက်ထိန်းချုပ်ရေးသည် မဟာဗျူဟာမြောက်တည်ငြိမ်မှုကို မြှင့်တင်ပေးခဲ့ပြီး အခြားအစီအမံများနှင့်အတူ ပေါင်းစည်းကာ ကပ်ဘေးသဖွယ် မှားယွင်းသော သုံးသပ်ဆုံးဖြတ်ချက်များ ချမှတ်ခြင်းမှ တားဆီးပေးခဲ့ကြောင်း၊ ရုရှား-အမေရိကန် နျူကလီးယားလက်နက်ထိန်းချုပ်ရေးသည် နှစ်ဖက်အား ထောင်နှင့်ချီသော နျူကလီးယားလက်နက်များ လျှော့ချရန် မြှင့်တင်ပေးခဲ့ပြီး နိုင်ငံအသီးသီးမှပြည်သူများ အထူးသဖြင့် ရုရှား-အမေရိကန် နှစ်နိုင်ငံ ပြည်သူများ၏ လုံခြုံရေးအဆင့်ကို အထူး မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
New START သက်တမ်းကုန်ဆုံးခြင်းက အလွန်ဆိုးရွားသော အချိန်အခါတွင် ဖြစ်ပေါ်ခဲ့ပြီး နျူကလီးယားလက်နက်အသုံးပြုနိုင်သည့် အန္တရာယ်မှာ ဆယ်စုနှစ်အနည်းငယ်အတွင်း အမြင့်ဆုံးအဆင့်တွင် ရှိနေကြောင်း၊ သို့ဖြစ်၍ မျှော်လင့်ချက်ကို စွန့်လွှတ်၍မရကြောင်း၊ ယခုအချိန်သည် လုပ်ငန်းစဉ်ကို ပြန်လည်စတင်ပြီး အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသည့် အခြေအနေအသစ်နှင့် သင့်လျော်သော လက်နက်ထိန်းချုပ်ရေးယန္တရားတစ်ခု ထူထောင်ရန် အခွင့်အလမ်းဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ရုရှား-အမေရိကန် နှစ်နိုင်ငံအနေဖြင့် စေ့စပ်ညှိနှိုင်းရေး စကားဝိုင်းကို ချက်ချင်း ပြန်လည်စတင်ရန်၊ အတည်ပြုစစ်ဆေးနိုင်သော ကန့်သတ်ချက်ယန္တရားများ ပြန်လည်ထူထောင်ရန်၊ အန္တရာယ်များကို လျှော့ချရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဘုံလုံခြုံရေးကို အားကောင်းစေရန်အတွက် နောက်ဆက်တွဲ မူဘောင်အသစ်နှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။
ရုရှား-အမေရိကန် New START သဘောတူညီမှုသက်တမ်းမှာ ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်အထိဖြစ်ပြီး ယင်းမှာ ၂၀၁၉ ခုနှစ်တွင် ရုရှား-အမေရိကန် “Intermediate-Range Nuclear Forces (INF)” သက်တမ်းကုန်ဆုံးပြီးနောက် နှစ်နိုင်ငံကြား တစ်ခုတည်းသော လက်နက်ထိန်းချုပ်ရေးသဘောတူညီချက် ဖြစ်သည်။ (Xinhua)
………………….
(Chinese Version)
古特雷斯:《新削减战略武器条约》失效是国际和平与安全的严峻时刻
新华社联合国2月4日电(记者尚绪谦)联合国秘书长古特雷斯4日表示,俄美《新削减战略武器条约》失效对于国际和平与安全而言是一个严峻时刻。
古特雷斯当天发表声明说,该条约的失效标志着半个多世纪以来首次出现对俄罗斯和美国的战略核武库失去任何约束性限制的局面。冷战及后冷战时期,俄美间的核军控构筑了战略稳定,并与其他措施相结合,避免了灾难性误判。俄美核军控推动双方削减数以千计的核武器,极大地提升了各国人民,尤其是俄美两国人民的安全水平。
古特雷斯说,《新削减战略武器条约》失效发生在最糟糕的时刻,动用核武器的风险正处于数十年来最高水平。不能因此放弃希望,现在正是重启进程、建立适合不断演进的新形势的军控机制的契机。
古特雷斯敦促俄美两国立即重返谈判桌,就新的后续框架达成一致,以恢复可核查的限制机制、降低风险并加强全球共同安全。
俄美《新削减战略武器条约》有效期至今年2月5日,是俄美《中导条约》2019年失效后两国间唯一的军控条约。(完)
