Connect with us

Media

မြန်မာနိုင်ငံ ဟောင်ကောင်ကုန်သည်များအသင်းချုပ်မှ ကျင်းပသော ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဟောင်ကောင်ကုန်သည်များအသင်းချုပ် (The Myanmar Hong Kong Chamber of Commerce MHKCCI) မှ ကျင်းပသော ၂၀၂၆ ခုနှစ် မြင်းနှစ် နှစ်သစ်ကူးဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ သံမှူး Mr. Ouyang Daobing ၊ MHKCCI ဥက္ကဋ္ဌ Mr. Antony Cheung ၊ ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (Hong Kong Trade Development Council HKTDC) ၏ ထိုင်းနှင့် တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် Ms. Zhang Jiayin ၊ မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသည့် နိုင်ငံများမှ သံတမန်များနှင့် စီးပွားရေး အသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များ အသင်း (CECCM) ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) စသည့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.