Media
မြန်မာနိုင်ငံ ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းက သတိပဌာန်လမ်းနှင့် ကျားကွက်သစ်လမ်းမကြီး လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ လာရောက်လည်ပတ်မှု မြင်ကွင်းများ
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းက သတိပဌာန်လမ်းနှင့် ကျားကွက်သစ်လမ်းမကြီး တစ်လျှောက်တွင် ပြည်သူများ လာရောက်လည်ပတ်ကာ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမှု မြင်ကွင်းများကို ဧပြီ ၁၃ ရက် ညနေပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
တန်ခူးလ၏ ရာသီပွဲအားဖြင့် နှစ်သစ်ကူးအတာရေသွန်းသည့် သင်္ကြန်ပွဲဖြစ်ပြီး နိုင်ငံတစ်ဝန်း ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ တစ်နှစ်ကုန်၍ တစ်နှစ်ကူးသည့် အခါသမယ သင်္ကြန်တော်ကာလသို့ ကျရောက်ခဲ့ပြန်ပြီဖြစ်သည်။
နှစ်သစ်ကူးတွင် ပျော်မြူးရွှင်လန်းစွာ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းသွန်းလောင်းသည့် အစဉ်အလာယဉ်ကျေးမှုဓလေ့မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု မြန်မာတို့ ယုံကြည်ကြသည်။ (Xinhua)
