Videos
တရုတ်တွင်ကာဘွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်မည့် မီသနောလောင်စာဆီသုံး အငှားယာဉ်များပြေးဆွဲ
ရှီအန်း၊ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ရှီအန်းတွင် မီသနောလောင်စာဆီသုံး အငှားယာဉ် အစီးရေပေါင်း ၆ဝ ကို စတင်ပြေးဆွဲ လျက်ရှိသည်။မီသနောလောင်စာဆီမှာ အင်ဂျင်များအတွက် သန့်စင်သည့် လောင်စာဆီ တစ်မျိုးဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်သောကြောင့် လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးသည်။ ရှီအန်းတွင် မီသနောလောင်စာဆီဖြည့်သည့်နေရာ ၁၅ နေရာကို စီစဉ်ထားရှိပြီး ၂ဝ၁၉ ခုနှစ်တွင် နောက်ထပ် ၄၅ နေရာအထိ ထပ်မံတည်ဆောက်သွားမည်ဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် ရှီအန်း၌ မီသနောလောင်စာဆီသုံး အငှားယာဉ်ပေါင်း ၁သောင်းခန့်အထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ (Xinhua)