Connect with us

Videos

တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု ငွေကျပ် သိန်း ၁၃၆၀ ပေးအပ်

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒေသ အသီးသီး ရှိ ကျောင်းသူ/သား များအား ပညာသင်ဆု ငွေကျပ် သိန်းပေါင်း (၁၃၆၀)ကို ပေးအပ်လှူဒါန်းသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံးတွင်ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် သံအမတ်ကြီး မစ္စတာဟုန်လျန် မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတော်လူမွန်များ ပျိုးထောင်ရေး လုပ်ငန်းစဉ်အား အကူအညီပေးရန် တရုတ် သံရုံးအနေဖြင့် မြန်မာ အစိုးရ နှင့် ပူးပေါင်းပြီး “တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း”များ ဆောက်လုပ်လျက်ရှိကြောင်း ၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု”ကိုလည်း ထပ်မံ ထူထောင်ခဲ့ပြီး မြန်မာ ကျောင်းသား/သူ များ နိုင်ငံ့အကျိုးပြု လူတော်လူကောင်းများအဖြစ် ကြီးပြင်းလာစေရန် အားပေး ခဲ့ကြောင်း နှင်ြ့မန်မာကျောင်းသားများအတွက် ပညာသင်ဆု အရေအတွက်ကို လည်းထပ်မံ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခြေခံ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် ကကျေးဇူးတင်စကားပြောကြားရာ တရုတ်သံရုံးအနေဖြင့် ပညာသင်ဆု သာမက အခြားလိုအပ်ချက်ဖြစ်သည့် ကျောင်းများကိုလည်း အသစ်တည်ဆောက် ပေးနေသည့်အတွက် ပညာရေးဝန်ကြီးဌာန ကိုယ်စားကျေးဇူးတင်ကြောင်း ၊ ကျောင်းသူ/သား များ၏ ပညာရည်တိုးတက်ရေး အတွက် လိုအပ်ချက်များကို အကူအညီပေးအပ်သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ နှင့် တကွ တရုတ်ပြည်သူပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.