Connect with us

Videos

သိမ်မွေ့သောအနုပညာကို သိမ်မွေ့သောအင်အားဖြစ်အောင်သုံးစေချင်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံပြောကြား

ရန်ကုန်၊ မတ် ၂၄ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က မတ်လ ၂၃ ရက်နေ့တွင် Myanmar Event Park ၌ ကျင်းပခဲ့သည့်၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင်““ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များအားလုံးကို မိမိတို့ိ့ တန်ဖိုးထားကြောင်း၊ဖျော်ဖြေရေးလောက ကို သိမ်မွေ့တဲ့အင်အားလို့မြင်ကြောင်း၊သိမ်မွေ့တဲ့ပညာကို သိမ်မွေ့တဲ့အင်အားဖြစ်အောင်သုံးစေချင်ကြောင်းအဖွင့် မိန့်ခွန်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆု အား ပထမဆုံးချီးမြှင့်ခဲ့ကာ ထူးချွန်ဆုပေါင်း ၁၂ ဆု ပေးအပ် ချီးမြှင့်ခဲ့သည်။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆု အားစည်သူဗိုလ်ကလေးတင့်အောင် သို့ချီးမြှင့်ပေးခဲ့သည်။ပြန်ကြားရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ကတစ်သက်တာထူးချွန်ဆုအား မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မား ရေးအားရည်ရွယ်ပြီးချီးမြှင့်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်တိုးတက်ရေးနှင့် ပတ်သက်၍ ပြိုင်တူ တွန်းလျင်ရွေ့နိုင်ပါသည်ဟုပြောကြားခဲ့သည်။၂၀၁၇ ခုနှစ်တွင် ထူးချွန်ဆုရွေးချယ်ခံရှပ်ရှင်ဇာတ်ကားပေါင်း ( ၅၃ ) ကားရှိသည့်အနက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အား နေတိုး က လည်းကောင်း ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအား အိန္ဒြာကျော်ဇင်ကလည်းကောင်း ၊အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အား မြင့်မြတ်က လည်းကောင်း ၊အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအား ပိုင်ဖြိုးသု ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.