Connect with us

Videos

ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့သန့်ရှင်းရေးကား စမ်းသပ်

ရှန်ဟိုင်း၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့သန့်ရှင်းရေးထရပ်ကားကို ရှန်ဟိုင်းတွင်စမ်းသပ်အသုံးပြုခဲ့ကြောင်းသိရသည်။ ထိုမောင်းသူမဲ့သန့်ရှင်းရေးထရပ်ကားကို ဒေသအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Autowise ai ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး ၆မီတာအရှည်ရှိသည့်ကားနှင့် ၃ မီတာအရှည်ရှိသည့်ကားစသည့် အမျိုးအစား ၂မျိုးကို ထုတ်လုပ်ထားခြင်းဖြစ်သည်။ တစ်နာရီလျင် ၄ကီလိုမီတာအမြန်နှုန်းဖြင့်သွားလာနိုင်ကာ မီးပွိုင့် နှင့် လမ်းတွင်အတားအဆီးများနှင့်ကြုံတွေ့ပါက အလိုအလျောက် ရပ်တန့်နိုင်သည့် ဆင်ဆာစနစ်ကိုလည်း ထည့်သွင်းပေးထားသည်။ လျှပ်စစ်ဓါတ်အားသွင်းစနစ်ဖြင့်မောင်းနှင်ရပြီးအားအပြည့်သွင်းထားပါက အချိန် ၄နာရီအထိ မရပ်မနားသန့်ရှင်းရေးဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ မောင်းသူမဲ့နည်းပညာများမှာ အလျင်အမြန်တိုးတက်ပြောင်းလဲလာသော်လည်း လမ်းများ၏ လက်တွေ့ မြေပြင်အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသောကြောင့် ထပ်မံအဆင့်မြှင့်တင်ရမည့် နည်းပညာများလည်း ရှိသေးကြောင်း autowise.ai ကုမ္ပဏီ ၏ CEO ဖြစ်သူ Huang Chao ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.