Connect with us

Videos

ကမ္ဘာ့ပထမဆုံးသံလမ်းမဲ့ခရီးသည်ပို့ဆောင်ရေးယာဉ်ပြေးဆွဲ

ဟူနန်၊ မေ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဟူနန်ပြည်နယ် ရှိ စူးကျိုးမြို့တွင် လူထူထပ်သည့် လမ်းများပေါ်တွင် ကမ္ဘာ့ပထမဆုံးသံလမ်းမဲ့ခရီးသည်ပို့ဆောင်ရေးယာဉ် ကို ပုံမှန်ပြေးဆွဲနေပြီဖြစ်သည်။ ၎င်းမှာ ခေတ်မီနည်းပညာမြင့်သံလမ်းမဲ့ smart vehicle အမျိုးအစား ဖြစ်ပြီး စုစုပေါင်း ၃၂ မီတာအရှည် ရှိသည့် တွဲ ၃ တွဲ ပါဝင်ကာ ခရီးသည်ပေါင်း ၃ဝဝ ခန့် လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ ဆင်ဆာစနစ်တပ်ဆင်ထားသောကြောင့် လမ်း ၏ အချိုးအကွေ့များနှင့် အတားအဆီးများကိုလည်း အာရုံခံနိုင် ပြီး ထို ယာဉ် ကို အားပြန်သွင်းချိန်မှာ ကြာချိန်၁ဝ မိနစ်ခန့်ရှိသည်။

အမြန်နှုန်းအနေဖြင့် တစ်နာရီလျင်၇ဝ ကီလိုမီတာအထိပြေးဆွဲနိုင်ပြီးCRRC စူးကျိုး ရထားထုတ်လုပ်ရေးက ဖန်တီးထုတ်လုပ်ခြင်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က စမ်းသပ်ပြေးဆွဲခဲ့ရာအောင်မြင်မှုရရှိခဲ့သောကြောင့် မေလ ၈ ရက်နေ့က စတင်ကာ ပုံမှန်ပြေးဆွဲလျက်ရှိပြီဖြစ်ကြောင်းသိရသည်။ ၎င်းမှာ ကမ္ဘာပေါ်တွင် ပထမဆုံး သံလမ်းမဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်တစ်စီးဖြစ်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.