Connect with us

Videos

ကမ္ဘာ့အမြန်ဆုံးလုပ်ငန်းသုံးကျည်ဆန်ရထားဝန်ဆောင်မှုတရုတ်နိုင်ငံတွင်ရရှိပြီဖြစ်

ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

တစ်နာရီလျင်ကီလိုမီတာ ၃၅ဝ အမြန်နှုန်းနှင့်မောင်းနှင်မည့် ကျည်ဆံရထားတရုတ်နိုင်ငံဖူရှင်းတွင် ဧပြီလ ၁ဝရက်နေ့ကတည်းက စတင်ပြေးဆွဲလျက်ရှိပြီဖြစ်သည်။ ပေကျင်းနှင့်ရှန်ဟိုင်း၊ ပေကျင်းနှင့် ထျန်းကျင်းတို့ကို နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်သည်။ ထိုရထားများကို ဒီဇိုင်းထုတ်လုပ်ခြင်းနှင့်ရထားတွဲတပ်ဆင်ခြင်းအားလုံး တရုတ်ပြည်တွင်း ၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းမှာ ကမ္ဘာ့အမြန်ဆုံးလုပ်ငန်းသုံးကျည်ဆန်ရထားအမျိုးအစား ဖြစ်လာသည်။ ၂ဝ၁၇ခုနှစ်ဇွန်လက စမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ပြီးနောက် ၎င်းကျည်ဆန်ရထားကို ရွေးချယ်စီးနင်းကာခရီးသွားလာသူများပြားခဲ့သည်။ တရုတ်နိုင်ငံသည် ယခုတွင် ကမ္ဘာ့ပေါ်တွင် အရှည်ဆုံးအမြန်ရထားလမ်းကွန်ရက်ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး တစ်နာရီလျင် ၃၅ဝ ကီလိုမီတာအမြန်နှုန်းမောင်းနှင်နိုင်မည့်ရထားလမ်းများကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.