Connect with us

Videos

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် နှစ် ၂၀ အတွင်း အင်အားအပြင်းဆုံးဖြစ်သည့် ၆.၄ ပမာဏရှိသော ငလျင်လှုပ်ခတ်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Searles Valley အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် ဇူလိုင်လ ၄ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၃၃း၄၈ နာရီက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်မှာ မြောက်လတ္တီကျု ၃၅.၇၀ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၁၇.၅၁ ဒီဂရီ၊ မြေအောက်အနက် ၈.၆၈ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသအတွင်း ၁၉၉၉ ခုနှစ်ကစ၍ အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ငလျင်ဒဏ်အား ဇူလိုင်လ ၄ ရက် နံနက်ပိုင်းက ငလျင်ဗဟိုချက် တောင်ဘက် ၂၇၂ ကီလိုမီတာအကွာရှိ လော့စ်အိန်ဂျလိစ်ဒေသ၌လည်း ခံစားခဲ့ရသည်။ ဒေသခံများကလည်း ငလျင်လှုပ်ခတ်မှုအား ခံစားခဲ့ရကြောင်းနှင့် အချိန် စက္ကန့် ၃၀ နီးပါးကြာအောင် လှုပ်ယမ်းနေခဲ့ကြောင်း တွစ်တာပေါ်၌ ရေးသားထားကြသည်။

ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှုသတင်းများ မရှိကြောင်း သိရသည်။

“ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ငလျင်နှင့်ပတ်သက်ပြီး အပြည့်အဝ သတင်းရရှိပြီးပါပြီ။ အားလုံးက ထိန်းချုပ်နိုင်ခဲ့ပြီလို့ယူဆရပါတယ်” ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တွစ်တာပေါ်တွင် ပြောကြားထားသည်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် အင်အားအပြင်းဆုံး ငလျင်လှုပ်ခတ်ခဲ့သည့် ၁၉၉၉ ခုနှစ်ကစ၍ Searles Valley အနီးတွင် ငလျင်လှုပ်ခတ်မှုများအား USGS က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.