Connect with us

Videos

ကိုရိုနာဗိုင်းရပ်စ်အား တရုတ်ရိုးရာတိုင်းရင်းဆေးဝါးဖြင့်တိုက်ဖျက်ခဲ့သည့် “ပြည်သူ့ သူရဲကောင်း” ကျန်းပေါ်လီ

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ တိုင်းရင်းဆေးဝါးကဏ္ဍတွင် ကျော်ကြားသည့် ဆေးဝါးကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သော ကျန်းပေါ်လီ ဆိုသူသည် စက်တင်ဘာ ၈ ရက်တွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စံပြလုပ်ဆောင်ခဲ့သူများ အားချီးကျူးဂုဏ်ပြုသည့် အခမ်းအနားတွင် ၎င်း၏ COVID-19 တိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကြောင့် ဂုဏ်ပြုဆု ချီးမြှင့်အပ်နှင်းခံခဲ့ရသည်။ 

အသက် ၇၂ နှစ်ရှိပြီဖြစ်သည့် ကျန်းပေါ်လီ သည် ပြီးခဲ့သော လအနည်းငယ်က တရုတ်နိုင်ငံတွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ဆိုးဝါးစွာ ထိခိုက်ခံစားခဲ့ရသည့် ဝူဟန့်မြို့တွင် COVID-19 ကူးစက်ခံရသူများကို ကုသပေးရန်ဖိတ်ခေါ်ခံခဲ့ရပြီးနောက် ကျွမ်းကျင် တရုတ်တိုင်းရင်းဆေးအဖွဲ့အားဦးဆောင်ကာ အစွမ်းကုန်ကုသပေးခဲ့ရာ တရုတ်တိုင်းရင်းဆေးဝါး၏ အစွမ်းထက်ပုံကို ကမ္ဘာက အသိအမှတ်ပြုသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ 

ထျန်းကျင်းတရုတ်ရိုးရာတိုင်းရင်းဆေးတက္ကသိုလ် အကြီးအကဲတစ်ဦးလည်းဖြစ်သည့် ကျန်းသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ၏ မြို့တော် ဝူဟန့်မြို့သို့  တရုတ်ရိုးရာ နှစ်သစ်ကူး တတိယမြောက်နေ့ နှင့် ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ဝူဟန့်မြို့တစ်မြို့လုံးအား ပိတ်ချခဲ့သည့် ၅ ရက်မြောက်နေ့ဖြစ်သည့် ဇန်နဝါရီ ၂၇ ရက်တွင် ရောက်ရှိခဲ့သည်။

ကျန်းအပါအဝင် အခြား ဆရာဝန်ပေါင်း ၃၀၀ ကျော်က တရုတ်ရိုးရာ တိုင်းရင်းဆေးအဖွဲ့တစ်ဖွဲ့အားဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့သည် ဝူဟန့်မြို့ရှိ ကျန်းရှ ခရိုင်တွင် တည်ဆောက်ထားသည့် ယာယီဆေးရုံတွင် တရုတ်ရိုးရာတိုင်းရင်းဆေးနည်းအချို့နှင့်အတူ နှိပ်နယ်ခြင်း၊ စုပ်ခွက်နည်းဖြင့်ကုသခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ကို တွဲဖက်ကာ COVID-19 လူနာများအား ကုသပေးခဲ့ကြသည်။ 

တရုတ်ရိုးရာတိုင်းရင်းဆေးက COVID-19 ကူးစက်ခံရသူလူနာများ အား သိသာစွာပြန်လည်ကျန်းမာလာစေခဲ့သည်။ တရုတ်ရိုးရာတိုင်းရင်းဆေးအား အခြေခံကာ ကုသပေးခဲ့သည့် ယာယီဆေးရုံ၌ တက်ရောက်ခဲ့သည့် ရောဂါ လက္ခဏာ မပြင်းထန်သော လူနာပေါင်း ၅၆၄ ဦးစလုံး ၏ ကျန်းမာရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

အလုပ်ပင်ပန်းမှုနှင့် အစားအသောက်မမှန်မှုတို့ကြောင့် အငြိမ်းစားတပ်မတော်သားတစ်ဖြစ်လဲ ဒေါက်တာကျန်းသည် သည်းခြေအိတ်ရောင်ရောဂါကို စတင်ခံစားခဲ့ရသည်။ ကျန်းသည် ဝူဟန့်မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်၌  သည်းခြေအိတ်ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပြီးနောက် နာရီအနည်းငယ်အကြာမှာပင် လူနာတင်ကုတင်ပေါ်၌ တရုတ်ရိုးရာတိုင်းရင်းဆေးဝါးဖြင့် COVID-19 ကုသမှုလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။ 

ကျန်း ရောက်ရှိပြီးနောက် ဝူဟန့်မြို့ရှိ COVID-19 လူနာပေါင်း ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်ရိုးရာတိုင်းရင်းဆေးဝါးဖြင့် ကုသပေးနိုင်ခဲ့သည်။ထို့နောက် ရောဂါ လက္ခဏာများလျော့ပါးလာခဲ့ပြီး ကူးစက်နှုန်းလည်းသိသိသာသာ နှေးကွေးလာခဲ့ကာ သေဆုံးနှုန်းကိုလျှော့ချနိုင်ခဲ့ပြီး ပြန်လည်ကျန်းမာမှုအရေအတွက် ကို မြှင့်တင်ပေးနိုင်ခဲ့သည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.