Connect with us

Videos

ကျူးဘားအလုပ်သမား ၅သိန်းကျော် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ်ပွဲကျင်းပ

ဟာဗားနား ၊ မေ ၂ ရက် (ဆင်ဟွာ)
မေလ ၁ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ကျူးဘားနိုင်ငံ ဟာဗားနားတွင် ကျူးဘားသမ္မတ ရောလ်ကတ်စ်ထရိုနှင့်အတူ အလုပ်သမားပေါင်း ၅ သိန်းကျော်တို့က အထိမ်းအမှတ်ပွဲကျင်းပခဲ့သည်။
ထိုပွဲတော်တွင် အလုပ်သမားများမှ ဆောင်ပုဒ်များ ၊ နိုင်ငံခေါင်းဆောင်မိသားစု ဘိုးဘွားများ၏ ဓါတ်ပုံများနှင့် သမ္မတ ရောလ် ကတ်စထရို ၏ အကိုတော်နှင့် သမ္မတ တို့၏ ပုံများအား ကိုင်ဆောင်ကာ လှည့်လည်ခဲ့ကြသည်။
“ ကျူးဘားအလုပ်သမားတွေအနေနဲ့ မိမိတို့စည်းလုံးညီညွတ်မှုကို ပြသနိုင်သည့်အတွက် ပျော်ရွှင်ရပါတယ်။ ဒီနိုင်ငံမှာ မေလ ၁ရက်နေ့ အလုပ်သမားနေ့အခမ်းအနားကို ကျင်းပပေးတာအလွန်ကောင်းမွန်ပါတယ်” ဟု စီတန်းလှည့်လည်ပွဲတော်တွင်ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကဆိုသည်။
ထိုအခမ်းအနားသို့ အလုပ်သမား ၅ သိန်းကျော် နှင့် နိုင်ငံပေါင်း ၆၈ နိုင်ငံ မှ ကုန်သွယ်လုပ်ငန်း ကိုယ်စားလှယ် ၁ထောင်ကျော် တို့ ကိုလည်း ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.