Connect with us

Videos

ခရမ်းလွန်ရောင်ခြည်သုံး အလိုအလျောက်ပိုးသတ်ဆေးဖျန်းစက်ရုပ်

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) တွင် ခရမ်းလွန်ရောင်ခြည်သုံး ပိုးသတ်ဆေးဖျန်းစက်ရုပ်ကို ပြသထားသည်။ ၎င်းစက်ရုပ်သည် အလိုအလျောက် လမ်းပြစနစ်နှင့်အတူ အတားအဆီးများကိုရှောင်ရှားနိုင်သည့် ပိုးသတ်ဆေဖျန်းစက်ရုပ်တစ်မျိုးလည်းဖြစ်သည်။ ယခုနှစ်အစောပိုင်းက ဝူဟန့်မြို့တွင် အကြီးအကျယ်ဖြစ်ပွားခဲ့သည့် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဆိုပါစက်ရုပ်များကို အသုံးပြုကာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.