Videos
ခွဲစိတ်ခန်းသုံး ဝတ်စုံများ ချုပ်လုပ်ပေးနေသည့် ပြည်တွင်းအထည်ချုပ်စက်ရုံ
ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ)
ပြည်တွင်းဆေးရုံများ၌ များပြားလာသည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ခါသုံး ခွဲစိတ်ခန်းသုံး ဝတ်စုံ(surgical gowns)များအား ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုက ချုပ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ COVID-19 ရောဂါစတင်တွေ့ရှိခဲ့သည့် မတ် ၂၃ ရက်မှစတင်ကာ ကျန်းမာရေး ဝန်ထမ်းများသည် ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ ကျန်းမာရေးဝန်ထမ်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် ဈေးနှုန်းသက်သာသော ပြည်တွင်းဖြစ် ခွဲစိတ်ခန်းသုံး ဝတ်စုံများချုပ်လုပ်ပေးနေသည့် စက်ရုံတစ်ခုသို့ ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ လက်ရှိတွင် ၎င်းစက်ရုံ၌ ဝန်ထမ်း ၄၀ ခန့်ဖြင့် လည်ပတ်နေပြီး တစ်ရက်လျှင် ခွဲစိတ်ခန်းသုံး ဝတ်စုံ အထည် ၁,၄၀၀ ခန့် ချုပ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)