Connect with us

Videos

ဂျကာတာ-ဘန်ဒန်း ရထားလမ်းစီမံကိန်း၏အစိတ်အပိုင်း ဖြစ်သည့် ရထားလမ်းဥမင် ဖွင့်လှစ်

ဂျကာတာ၊ မေ ၁၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာနှင့် ဘန်ဒန်း မြို့ကို ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း တွင် ပါဝင်သည့် ရထားလမ်းဥမင် ဖွင့်လှစ်ခြင်းအခမ်းအနားကို မေလ ၁၄ ရက်နေ့က ကျင်းပခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ ၏ ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။ ၎င်းမှာ ဘန်ဒန်း မြို့၏ အနောက်ဘက်တွင် အရှည်အားဖြင့် မီတာပေါင်း ၆ဝ၈ မီတာ ရှိသည့် Walini ဟု အမည်ရသည့် ရထားလမ်း ဥမင်ဖြစ်ပြီး အချိန် ၁၅ လကြာ တည်ဆောက်ခဲ့ရသည်။ ဥမင် အတွင်းဘက် အချင်းဝက်မှာ ၁၂.၆ မီတာ ရှိပြီး အပြင်ဘက်မှာ အချင်းဝက်၁၄.၃ မီတာ ရှိကာ ဂျကာတာ- ဘန်ဒန်း ရထားလမ်းစီမံကိန်း၏ ၁၃ ခုမြောက်ဥမင်ဖြစ်သည်။ ဂျကာတာမြို့နှင့် အနောက်ဂျာဗားကျွန်းရှိ ဘန်ဒန်း ဘက်အခြမ်းကို ချိတ်ဆက်ထားသည့် ရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၁၄၂ ကီလိုမီတာရှိပြီး ရထားလမ်းပြီးစီးပါက ပုံမှန် ခရီးသွားကြာမြင့်ချိန် ၃ နာရီ မှ မိနစ် ၄ဝ အထိ လျှော့ချနိုင်တော့မည်ဖြစ်သည်။ယခု ရထားလမ်းစီမံကိန်းမှာ တရုတ်နိုင်ငံက အဆိုပြုတင်သွင်းသည့် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်( ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လာမည့် ၂ဝ၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်းခန့်မှန်းရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.