Videos
ဆင်းရဲနွမ်းပါးသော မျောင် တိုင်းရင်းသားလူမျိုးစု ကျေးရွာလေး၏ လှပသော အသွင်ပြောင်းမှု
ရုန်းအန်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)
မျောင် တိုင်းရင်းသားလူမျိုးစုသည် တရုတ်နိုင်ငံ တိုင်းရင်းသားလူမျိုးများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ ၎င်းတို့၏ လှပဆန်းသစ်သည့် ရိုးရာဝတ်စုံနှင့် ရိုးရာလက်မှုပညာများသည် ကမ္ဘာတွင် ထင်ရှား ကျော်ကြားသည်။ မျောင် လူမျိုးများ စုစည်းနေထိုင်ရာဒေသများတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။ ထိုသို့ လူမှုဘဝတိုးတက်ရေးများကို လျှောက်လှမ်း ကြိုးပမ်းဆောင်ရွက်သည့်အခါ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းသည့် အခြေအနေမည်သို့ ရှိသည်ကို ဗွီဒီယိုမှလင့်ခ်မှတစ်ဆင့် လေ့လာကြည့်ရှုကြရအောင် …..
တာ့ပေါင် ကျေးရွာလေးသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးပြည်နယ် ရုန်းအန်းခရိုင် တောတောင်ထဲတွင် တည်ရှိရာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဆင်းရဲနွမ်းပါးသည့် ကျေးရွာလေးတစ်ရွာ ဖြစ်သည်။ ယခုနှစ်ပိုင်းများ ဒေသန္တရအစိုးရ၏ကူညီပံ့ပိုးမှုများကြောင့် အသွင်ပြောင်းခဲ့ရာ ယခုအခါတွင် အများပြည်သူသုံး အဆောက်အဦများ ရှိလာခဲ့သည်။ ထိုသို့ ပြောင်းလဲရာတွင် မျောင် လူမျိုးတို့၏ မူလ ဗိသုကာလက်ရာများ၊ယဉ်ကျေးမှုလက္ခဏာများကို ရှေးမူမပျက်အောင် ထိန်းသိမ်းထားခဲ့သည်။
သဘာဝအခြေခံ ခရီးသွားလုပ်ငန်းသည် မျောင်လူမျိုးများ လူနေမှုအဆင့်အတန်းကို တိုးတက်စေခဲ့ရာ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ နှစ်စဉ် တစ်ဦးချင်း ပျမ်းမျှဝင်ငွေသည် ၂၀၁၅ ခုနှစ်က ယွမ် ၂,၃၀၀(အမေရိကန် ဒေါ်လာ ၃၃၇)မှ ယနေ့အခါ ၁၁,၂၀၇ ယွမ် အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။(Xinhua)