Connect with us

Videos

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ ကျောင်းသား/သူ(၁၀၀)ကျော်အား ပညာသင်ထောက်ပံ့ငွေပေးအပ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄) ခုမှ ပညာရည်ထူးချွန်ပြီး ငွေကြေးအခက်အခဲရှိသည့် တက္ကသိုလ် ကျောင်းသား/သူ (၁၀၀) ကျော်အား စတုတ္ထအကြိမ်မြောက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကို ရန်ကုန် မြို့ လသာ မြို့နယ်ရှိ တရုတ်ကုန်သည်ကြီးများအသင်းရုံး တွင် ဇန်နဝါရီ ၂၀ ရက်က ကျင်းပ ခဲ့သည်။ အခမ်းအနားသို့ ရန်ပုံငွေတည်ထောင်သူ သဒ္ဓမ္မဇောတိကဓဇ ဆရာမကြီး ဒေါ်ဇင်ခိုင်နှင့်တကွ ရန်ကုန်တိုင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သက်ဆိုင်ရာအရာရှိ၊ ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသူ၊ကျောင်းသားများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခု ကဲ့သို့ပညာသင်ကြားရန် အတွက် အခက်အခဲရှိသူများကို တတ်နိုင်သမျှ လှူဒါန်းမှု များပြုလုပ်ခြင်းအား အလေးအနက် ဂုဏ်ပြုကြောင်း ၊ အလှူငွေကို လက်ခံရရှိသော ကျောင်းသား/သူ များအနေဖြင့် လည်း ထူးချွန်ထက်မြက်အောင် ပညာသင်ကြားပြီး နိုင်ငံတော် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက် သွားစေ လိုကြောင်း ပြောကြားခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က လည်းယခု ကူညီထောက်ပံ့ခဲ့သည့် ကလေးများသည် အနာဂတ်တွင် တိုင်းပြည်ရဲ့တာဝန် တွေကို ထမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်စေရန် ဆုတောင်းပေးကြောင်း ၊ အနာဂတ် တွင်လည်း ကျောင်းသားကျောင်းသူများပညာရေးအတွက် ပိုမို ပါဝင် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် ဆရာမကြီး ဒေါ်ဇင်ခိုင် မှ အမှာစကား ပြောကြားရာတွင်မိမိသည် မြန်မာ နိုင်ငံတွင် မွေးဖွားကာ မြန်မာနိုင်ငံတွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် မြန်မာနိုင်ငံ ကို ပြန်လည်ကျေးဇူးဆပ်ခြင်း ဖြစ်ကြောင်း ၊ မိမိ အသက်ရှင်နေသမျှ ကာလပတ်လုံး တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် ဆရာမကြီး ဒေါ်ဇင်ခိုင် မှ ကျောင်းသား/သူ ၁၀၅ ဦးအတွက် တစ်ဦးလျှင်ကျပ် ၃ သိန်းနှုန်းဖြင့် ငွေကျပ် ၃၁၅ သိန်းအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ် များထံသို့ ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ် ခဲ့သည်။ ပညာသင် ထောက်ပံ့ငွေ ရရှိသည့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသား ဟိန်းထက်လင်း မှ ကျေးဇူးတင် စကား ပြောကြား ခဲ့သည်။ ယခု အကြိမ် ကျင်းပ သည့် စတုတ္ထ အကြိမ်မြောက် ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ မြန်မာနိုင်ငံရှိ ငွေကြေးအ ခက်အခဲရှိသည့် ပညာထူးချွန် ကျောင်းသား/သူ များအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ ကို မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) မှ ကူညီပံ့ပိုး ခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ် ပေးအပ်လှူဒါန်း ပွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ ကျောင်းသား/သူ ပေါင်း ၁၀၅ ဦးကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.