Videos
တရုတ်နိုင်ငံခုပုချီ သဲကန္တာရကြီးရှိ ကီလိုဝပ် ၁သန်းခန့်ထုတ်လုပ်နိုင်သည့် ဆိုလာစီမံကိန်း
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂို ဒေသ ရှိ ခုပုချီ Kubuqi သဲကန္တာရ တွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်ယူ နိုင်မည့် photovoltaic ဆိုလာပြားများကို ဧရိယာ ၆၆.၇ စတုရန်း ကီလိုမီတာခန့် တည်ဆောက် ထားသည်။ အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံဒေါ်လာ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါဆိုလာစွမ်းအင် စီမံကိန်းမှ စွမ်းအင်စုစုပေါင်း ကီလိုဝပ် ၁သန်းခန့်ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး လက်ရှိမှာ ဒေသခံများအတွက် သန့်စင်သည့်လျှပ်စစ်စွမ်းအင်ပေါင်း ဝ.၉ ဘီလီယံ ကီလိုဝပ် အထိ ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်းသိရသည်။ Kubuqi သဲကန္တာရသည် အကျယ်အဝန်းအားဖြင့် ၁၈၆ဝဝ စတုရန်းကီလိုမီတာရှိပြီး နေအပူချိန် ကြာမြင့်စွာထိတွေ့ပြီး အလင်းထိတွေ့မှုများစွာရှိသည့် ဒေသဖြစ်သောကြောင့် ဆိုလာစွမ်းအင်စီမံကိန်း ဆောင်ရွက်ရန်အားသာချက် များစွာရှိကြောင်း သိရသည်။(Xinhua)