Videos
တရုတ်နိုင်ငံတွင်ရထားသံလမ်းတပ်ဆင်စက်ဖြင့် ရထားလမ်းဖောက်လုပ်လျက်ရှိ
နန်ချန်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ချန်းနှင့် ကန်ကျိုးတို့ကို ချိတ်ဆက်သွယ်တန်းမည့် မြန်နှုန်းမြင့်ရထားလမ်း တွင် အရှည် မီတာ ၅ဝဝ ရှိသံလမ်းကို မကြာသေးမီက ရထားသံလမ်းတပ်ဆင်စက်အသုံးပြုကာတပ်ဆင်ခဲ့သည်။ အဆိုပါ ရထားလမ်းတွင် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းဖြင့် မြန်နှုန်းမြင့်ရထားပြေးဆွဲမည်ဖြစ်ပြီး ရထားလမ်း အရှည်အားဖြင့် ၄၂၂ ကီလိုမီတာရှိကာ ဘူတာရုံပေါင်း ၁၃ ခု ပါဝင်မည်ဟုသိရသည်။ ရထားလမ်းပြီးစီးပါက ကျန်းရှီးနှင့် ကွမ်တုံနှင့် ဖူကျန့်အပါအဝင် ကမ်းရိုးတန်းမြို့များသို့ လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်သည်။(Xinhua)