Videos
တရုတ်နိုင်ငံတွင်အသစ်ဆောက်လုပ်ပြီးစီးသည့်ကြိုးတံတား၏ ခံနိုင်ဝန်ကို ထရပ်ကားပေါင်း ၄၈ စင်းဖြင့်စမ်းသပ်
ချုံကျင်း၊ မေ ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကျင်းရှိ ကြိုးတံတားသစ်ကြီးအားအများ ပြည်သူအသုံးပြုရန် ဖွင့်လှစ်ခြင်းမပြုမီ တန်ချိန်မြင့်ထရပ်ကားပေါင်း ၄၈စင်း စုစုပေါင်း တန်ချိန် ၁၆၈ဝ တန် အလေးချိန်ကို တံတားပေါ်တွင် တစ်ပြိုင်နက် ဖြတ်သန်းကာ တံတား၏ကြံခိုင်မှုရှိမရှိ ကိုစမ်းသပ်ခဲ့သည်။ ဆွမ်ရှီး မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသော ထိုကြိုးတံတားတွင် ကြိုးများချိတ်ဆက်မှုလျော့ရဲခြင်းရှိမရှိ၊ အလေးချိန် ခံနိုင်ရည်ရှိမရှိကို ယခုကဲ့သို့စစ်ဆေးခြင်းဖြစ်သည်။ ၁၅၇၈ မီတာ အရှည်ရှိသည့်ကြိုးတံတားကြီးမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကျင်းနှင့် ကွေ့ကျိုးပြည်နယ်တို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ တံတား၏ အရည်အသွေးကို အဆင့်ဆင့်စမ်းသပ်ပြီးပါက ဇွန်လကုန်တွင် တံတားကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)