Videos
တရုတ်နိုင်ငံတွင် မြေအောက်အနက်ဆုံး ရထားဘူတာရုံ တိုးချဲ့တည်ဆောက်နေ
ချုံကျင်း၊ ဇူလိုင် ၂7 ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းတွင် မြေအောက်အနက် ၉၄ မီတာကျော် (၃၁ ထပ် အဆောက်အဦနှင့် ညီမျှသော) တွင် မြေအောက်ဘူတာရုံ တစ်ရုံ တိုးချဲ့တည်ဆောက် လျက်ရှိပြီး ၂၀၁၇ ခုနှစ်အကုန်တွင်ပြီးစီးမည်ဖြစ်ကာ ယင်းသည် တရုတ်နိုင်ငံ၏ မြေအောက်အနက်ဆုံး ရထားဘူတာ ဖြစ်လာမည် ဖြစ်သည်။ ၎င်းဘူတာကHongtudi ဘူတာဖြစ်ပြီးလက်ရှိတွင်
မြေအောက်အနက် မီတာ ၆၀ တွင် တည်ဆောက်ထား၍ ရထားလိုင်း Line 6 ဖြင့် ချိတ်ဆက်ထားကာ ချုံကျင်းပြည်နယ်၏ မြေအောက်အနက်ဆုံး ဘူတာအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းကို ၉၄ မီတာကျော်အနက်အထိအသစ်တိုးချဲ့တည်ဆောက်ပြီးစီးပါက Line 10 ဖြင့်ပါ ချိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ချုံကျင်းမြို့ကို တောင်တန်းမြို့ဟု လူသိများကြသည်။ တောင်ထူထပ်သည့် နယ်မြေ အနေအထား၊ လေကြောင်း အကာအကွယ်နေရာများနှင့် လမ်းနံဘေး အဆောက်အအုံများ ပျက်စီးမည့်အရေးမှ ရှောင်ရှားနိုင်ရန် ဘူတာရုံများအား မြေအောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် ခရီးသွားများသည် Hongtudi ဘူတာ၌ရထားလိုင်း Line 6 ၏ စြင်္ကန်မှ လမ်းမသို့ ရောက်ရှိရန် စက်လှေကားများ အသုံးပြုပြီး သွားပါက အချိန် သုံးမိနစ်ကျော် ကြာမည်ဖြစ်ပြီး ခြေလျင်သွားပါက လှေကားထစ်ပေါင်း ၃၅၄ လှမ်းသွားရမည် ဖြစ်သည်။ ဘူတာရုံအား အဆင့်မြှင့်ပြီးပါက ဘူတာတွင် လက်ရှိအသုံးပြုနေသည့် စက်လှေကား အရေအတွက် ၃၂ စင်းမှ ၉၁ စင်းသို့ တိုးမြှင့်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)