Videos
တရုတ်နိုင်ငံတွင် သဲအထူထပ်ဆုံးဒေသများ၌ စိမ်းလန်းစိုပြည်ရေးစီမံကိန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့
အတွင်းမွန်ဂိုလီးယား၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Hunshandake သဲကန္တာကမြေ သည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အဓိက သဲအထူထပ်ဆုံးဒေသတစ်ခုဖြစ်သည်။ သဲမုန်တိုင်းများနှင့် သဲကန္တာရ ခြောက်သွေ့ခြင်းတို့အား ကာကွယ်ရန် ဂေဟဗေဒဆိုင်ရာ စီမံကိန်းများကို ၂၀၀၀ ပြည့်နှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ နှစ်ပေါင်း ၂၀ ခန့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် သစ်တောစိမ်းလန်းစိုပြည်ရေးအစီအစဉ်သည် ယခုအခါ အောင်မြင်မှုရရှိခဲ့ပြီဖြစ်သည်။ ယင်းသစ်တောများအနက် သဲမြေတည်ရှိရာ ၂၃ ဒသမ ၃၅ ရာခိုင်နှုန်းကို စိုက်ပျိုးနိုင်ခဲ့ပြီး ယင်းမှာ လွန်ခဲ့တဲ့ ၂၅ နှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)