Connect with us

Videos

တရုတ်နိုင်ငံထုတ် အကြီးစားဥမင်တူးစက် ဖြင့် မြစ်ကြမ်းပြင်တွင်အဝေးပြေးဥမင်လိုဏ်ခေါင်းတစ်ခုဖောက်လုပ်

ဟူနန်၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဟူနန်ပြည်နယ် ရှိ Yuanjiang မြစ်ကြမ်းပြင်တွင် တည်ဆောက်လျက်ရှိသည့် အဝေးပြေးဥမင်လိုဏ်ခေါင်း တွင် တရုတ်နိုင်ငံထုတ် ဥမင်လိုဏ်ခေါင်းတူးစက်ကြီး (TBM ) ဖြင့် အသုံးပြု ဖောက်လုပ်ခဲ့သည်။

Yuan’an ဟုအမည်ရသည့် ၎င်း ဥမင်လိုဏ်ခေါင်းတူးစက်ကြီးမှာ အချင်းဝက် ၁၁.၇၅ မီတာ ရှိပြီး တရုတ်ကုမ္ပဏီများက ဒီဇိုင်းထုတ် တီထွင်ခဲ့ကြောင်းသိရသည်။ TBM စက်ကြီးမှာ တရုတ်နိုင်ငံ၏ ပထမဆုံး ဥမင်လိုဏ်ခေါင်းတူးစက်အကြီးစားတစ်ခုဖြစ်ပြီး မြေသားနှင့် ကျောက်သားမျက်နှာပြင်အမျိုးမျိုးအထိ စက်ဝိုင်းသဏ္ဍာန်ဖောက်လုပ်ကာ တူးဖော်နိုင်သည့် ဥမင်တူးစက်တစ်ခု ဖြစ်သောကြောင့် ရေအောက်ကြမ်းပြင် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်မှု တွင် အောင်မြင်စွာအသုံးပြုနိုင်ခဲ့သည်။

ဥမင်လိုဏ်ခေါင်း၏ စုစုပေါင်းအရှည်မှာ ၂၂၄ဝ မီတာ ရှိပြီး TBM စက် ကြီးဖြင့် အရှည် ၁၆၈ဝ မီတာ ကို ဖောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.