Videos
တရုတ်နိုင်ငံမှ ဆရာဝန်များနှင့် ဆေးဝါးအထောက်အပံ့များ ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိ
ကွမ်ရှီးကျွမ့်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ဒေသမှ ဆေးဘက်ဆိုင်ရာအထောက်အကူပြု ဆရာဝန် ၇ ဦးပါဝင်သည့်အဖွဲ့သည် COVID-19 တိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ တရုတ်ဆရာဝန်အဖွဲ့ကို ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးနှင့် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးပါဝင်သည့် အဖွဲ့က လေဆိပ်တွင် နွေးထွေးပျူငှာစွာကြိုဆိုခဲ့ကြသည်။ တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အကူပြုအဖွဲ့နှင့်အတူ ကမ္ဘောဒီယား နိုင်ငံအတွက် အသက်ရှူစက်များ၊ဆေးဘက်သုံး နှာခေါင်းစည်းများနှင့် COVID- 19 ရောဂါ ရှိမရှိ စစ်ဆေးသည့် ကိရိယာများ ကိုလည်းလှူဒါန်းခဲ့ ကြောင်းသိရသည်။ (Xinhua)