Videos
တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့်ရထားလမ်းများအား တည်ဆောက်သည့် လုပ်ငန်းစဉ်အဆင့်များ
ပေကျင်း ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့်ရထားများသည် စီးနင်းရာတွင် ငြိမ့်ညောင်းမှုအလွန်ရှိကာ ရထားမောင်းနှင်စဉ်အတွင်း အကြွေစေ့ ထောင်ထားသည့်တိုင်အောင် လဲကျသွားခြင်းမရှိစေသည်အထိ တည်ငြိမ်မှုရှိသည်။ ထိုသို့ တည်ငြိမ်ငြိမ့်ညောင်းမှု ရှိစေရန် မြန်နှုန်းမြင့်ရထားလမ်းများကို တည်ဆောက်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ရထားသံလမ်းအမျိုးအစားများကို ရွေးချယ်ခြင်း နှင့် ရထားလမ်းများကိုချထားမည့်နေရာသို့ပို့ဆောင်ခြင်း
(၂) လမ်းခင်းကျောက်များကိုဆေးကြောသန့်စင်ခြင်းနှင့် ဆန်ခါချခြင်း၊
(၃) ရထားလမ်းတစ်လျှောက် လမ်းခင်းကျောက်များကို ခင်းကျင်းချထားခြင်း၊
(၄) သံမဏိ ရထားလမ်းများနှင့် ဇလီဖားတုံးများကို ချထားခြင်း၊
(၅) ရထားလမ်းများပေါ်တွင်ရာဘာအခုအခံပစ္စည်းများချထားခြင်းနှင့်ရထားသံလမ်းအထိန်းများတပ်ဆင်ခြင်း၊
(၆) လမ်းခင်းကျောက်များကို လမ်းပေါ်တွင် ထပ်မံ ဖြည့်တင်းညီညာစေခြင်း၊
(၇) ရထားလမ်းများကို နေရာအကွာအဝေးအလိုက် ညီညာမှုရှိမရှိချိန်ညှိခြင်း၊
(၈) သံလမ်းပေါ်ရှိသံချေးများကို ဖယ်ရှားခြင်း၊
(၉) သံဂဟေဆက်ခြင်းနှင့် သံဂဟေဆက်သည့်အဖုအထစ်များကို ညီညာစေခြင်း၊
(၁ဝ) သံဂဟေဆက်ထားသည့်နေရာများကို အချောသတ်ခြင်း၊
(၁၁) ရထားလမ်းဆုံးနေရာများ ကို အရောင်တင်ခြင်း၊
(၁၂) ultrasonic flaw detector ကိုအသုံးပြုကာ ဂဟေဆက်ထားသည့် အပိုင်းများကိုပြန်လည်စစ်ဆေးခြင်း၊
(၁၃) ရထားလမ်းပေါ်တွင် ဖိအားပျံ့နှံ့မှုနှင့် ဖိအားထိန်းချုပ်မှုကိုစစ်ဆေးခြင်း၊
(၁၄) ရထားသံလမ်းအကျယ်ကိုတိုင်းတာခြင်း၊
(၁၅) ရထားသံလမ်းအူကြောင်းများကို ရထားလမ်းကြောင်းချထားသည့်စက်ကြီးဖြင့် လိုက်လံဖိသွင်းခြင်းစ သဖြင့် အဆင့်ဆင့်ဆောင်ရွက်ပြီးနောက်တွင် ပြည်သူအများအားထားရသည့် မြန်နှုန်းမြင့်ရထားလမ်းများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)