Videos
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်၏ မကာအိုခရီးစဉ်အတွင်းလှုပ်ရှားမှုများ
မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် အောက်တိုဘာလ ၁ဝ ရက်နေ့ မှ ၁၂ ရက်နေ့အတွင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသသို့သွားရောက်ခဲ့ သည်။၎င်း၏ခရီးစဉ်အတွင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နှင့် ပေါ်တူဂီစကားပြောနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ငါးကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား သို့လည်းတက်ရောက်ခဲ့သည်။ဝန်ကြီးချုပ်လီသည်မကာအိုရှိ ဒေသခံပြည်သူများနှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။မကာအိုမှ ပြန်လည်မထွက်ခွါခင် လေဆိပ်၌ အမှာစကားပြောကြားရာ တွင် လီက မကာအိုသို့ ၃ ရက်တာ ခရီးစဉ်သည် ၎င်း၏ မျှော်လင့်ချက်များကို ဖြည့်စွမ်းနိုင်ကြောင်း၊ မကာအိုအနေဖြင့် ပြည်မကြီးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အလားအလာရှိကြောင်း စသဖြင့်ပြောကြားခဲ့သည်။ (Xinhua)