Connect with us

Videos

တရုတ်နိုင်ငံအစိုးရ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စီမံကိန်းအောင်မြင် ဖြစ်ထွန်းမှု ပြပွဲ ရန်ကုန်တွင်ပြုလုပ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စီမံကိန်းအောင်မြင် ဖြစ်ထွန်းမှု ပြပွဲကို “ချမ်းမြေ့ သာယာ သော ဘဝတွင် နေထိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်း”ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အကြောင်းအရာ များကို ဓာတ်ပုံများ ၊ ရှင်းလင်းချက်စာတမ်းများဖြင့် တင်ပြ မိတ်ဆက်ထားကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတရှီကျင့်ဖိန်က “ချမ်းမြေ့ သာယာ ဝပြောသော ဘဝတွင် နေနိုင်ရန် လိုအင်ချက်ဆန္ဒသည် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရန် ရည်မှန်းချက် ဖြစ်ပါသည် ” ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်သော (၁၈) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ အမြဲတမ်း ကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ် မှ ၂၀၁၇ ခုနှစ် အထိ တရုတ်နိုင်ငံတွင် ဆင်းရဲမှု နွမ်းပါးမှုမှ လွတ်မြောက်လာသူ လူဦးရေသည် ၆၈.၅၃ သန်းရှိခဲ့ရာ တစ်မိနစ်လျှင် အနည်းဆုံး လူ ၆ယောက်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ဆင်းရဲမှုနွမ်းပါးမှု ဦးရေကို တစ်နှစ်လျှင် ၁၀ သန်းအထိ လျှော့ချနိုင်မှသာ ဘက်စုံ အေးချမ်းသာယာဝပြောသော ဘဝတွင် နေထိုင်နိုင်ရေး ရည်မှန်းချက်ကို အပြည့်အဝအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြပွဲတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.