Connect with us

Videos

တရုတ်နိုင်ငံအတွင်းတပ်ဆင်ထုတ်လုပ်သည့် မောင်းသူမဲ့လျှပ်စစ်ထရပ်ကားစမ်းသပ်အသုံးပြု

ထျန်းကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းကုန်သေတ္တာဆိပ်ကမ်းတွင် မောင်းသူမဲ့လျှပ်စစ်ထရပ်ကားများကို စမ်းသပ်အသုံးပြုလျက်ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံအတွင်းတပ်ဆင်ထုတ်လုပ်သည့် အဆိုပါမောင်းသူမဲ့ထရပ်ကားများကို ကုန်စည်အပြည့်တင်ဆောင်ထားပါက ၁၂ဝ ကီလိုမီတာ အထိသွားလာနိုင်သည်။ ထိုကားများတွင် လေဆာရေဒါ၊ HD ကင်မရာများနှင့် ကမ္ဘာ့အဆင့်မီအလိုအလျောက်မောင်းစနစ်တို့ကိုထည့်သွင်းတပ်ဆင် ထားပြီး အချိန် ၁နာရီအတွင်း အားပြန်သွင်းနိုင်မည်ဟုသိရသည်။ ထရပ်ကားများမှာ ရာသီဥတုဆိုးဝါးသည့်အချိန်၌ပင် နေ့ရောညပါ မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် လူ့စွမ်းအားအရင်းအမြစ်ကိုခြွေတာနိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.