Connect with us

Videos

တရုတ်နိုင်ငံ၏ ပင့်ကူလူသား အမျိုးသမီး

ကွေ့ကျိုး၊ မေ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကျီးယွင် စီရင်စုရှိ အသက် ၃၈ နှစ်အရွယ် Miao လူမျိုး Luo Dengping ဆိုသည့် အမျိုးသမီးကို တရုတ်နိုင်ငံ၏ ပင့်ကူလူသား အမျိုးသမီး spider woman ဟု တင်စားခေါ်ဝေါ် ကြသည်။ ၎င်းမှာ Getuhe ရှုမျှော်ခင်းဒေသတွင် မည်သည့်အကာအကွယ်မှ မပါဘဲ မီတာ ၈ဝ အမြင့်ရှိသည့် မတ်စောက်သည့် တောင်စောင်းပေါ်သို့ အချိန် မိနစ် ၂ဝ အတွင်း တက်နိုင်သည့် တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်သည်။ Luo သည် ထိုသို့တောင်တက်ခြင်းကို အသက် ၂ဝ အရွယ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ခြေလှမ်းမှားခြင်း ခြေချော်ကျခြင်းမျိုး တစ်ကြိမ်မျှ မဖြစ်ဘူးကြောင်း သိရသည်။ ရှေးခေတ် ဒေသခံများ က ထိုသို့ မြင့်မား မတ်စောက်သည့်တောင်ကမ်းပါးပေါ်သို့ အမျိုးသားများ သာလျင်တက်ရောက်ရမည်ဟု ဆိုကြ သော်လည်း Luo မှာ တောင်တက်ခြင်းကိုအလွန်ဝါသနာပါသူ ဖြစ်သောကြောင့် တောင်တက်ကျွမ်းကျင်သည့် ဖခင်ဖြစ်သူထံ တောင်တက်နည်းကို အခြား အမျိုးသား တောင်တက်သမား ၅ ဦးနှင့်အတူ သင်ယူလေ့လာခဲ့သည်။ Miao လူမျိုးတို့ သည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာကတည်းက တောင်စောင်းများအပေါ်တက်ရောက် ခဲ့ကြခြင်းဖြစ်ပြီး တောင်တက်သမားများက ကွယ်လွန်ခဲ့ကြသည့် မိသားစုဝင်များ၏ ရုပ်ကြွင်းများကို အခေါင်းသွင်းကာ တောင်ထိပ်များရှိ ဂူများအတွင်း ပို့ဆောင်သြင်္ဂိုဟ်ကြခြင်းဖြစ်သည်။ ထို့အပြင် တောင်ထိပ်ရှိ ငှက်သိုက်များနှင့် ဆေးဘက်ဝင်အပင်များကို ရှာဖွေရန်လည်း တောင်တက်ကြသည်ဟုသိရသည်။ အဆိုပါရိုးရာဓလေ့မှာ ယခုအချိန်တွင် ဒေသတွင်း ခရီးသွားမြှင့်တင်ခြင်း လုပ်ငန်းတစ်ခုအသွင် တစ်ခေတ်ဆန်းလာပြီးနောက် ပင့်ကူလူသား Luo မှာလည်း တစ်လလျင် ယွမ် ၅ဝဝဝ မှ ၆ဝဝဝ အကြား (အမေရိကန်ဒေါ်လာ ၈၈၂ ခန့်) ဝင်ငွေရရှိခဲ့သည်။ Luo က ထိုသို့တောင်တက်ခြင်းကို မိမိ၏ ရင်သွေးများသာမက အခြားစိတ်ဝင်စားသူများကို ပါ သင်ကြားပေးလိုကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.