Connect with us

Videos

တရုတ်နိုင်ငံ တောင်ပိုင်းတွင် သက်တမ်း နှစ် ၁၆,၀၀၀ ရှိ လူ့ဦးခေါင်းခွံအစိတ်အပိုင်းများ ရှာဖွေတွေ့ရှိ

ကွမ်ရှီး၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွန်ကန်း ကောင်တီရှိ ယာဟွေ့ဂူအတွင်း တည်ရှိသည့် ရှေးဟောင်း အုတ်ဂူတစ်ခုအတွင်း ၌ နှစ်ပေါင်း ၁၆,၀၀၀ သက်တမ်းရှိ လူ့ဦးခေါင်းခွံ အကြွင်းအကျန် များကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ ထိုသို့  ရှာဖွေတွေ့ရှိပြီးနောက် နှစ်ပေါင်းများစွာ က ရှေးခေတ်လူသားများ  ယင်းဒေသ၌ နေထိုင်ကျက်စားခဲ့ကြပုံကို လေ့လာနိုင်ခဲ့သည်။ ဦးခေါင်းခွံ အပိုင်းအစများနှင့်အတူ လူ့အသုံးအဆောင်များနှင့် ပစ္စည်းကိရိယာ အစိတ်အပိုင်း  သောင်းဂဏန်းခန့်ကို လည်းရှာဖွေတွေ့ရှိခဲ့သည်။ ထိုရှာဖွေတွေ့ရှိမှုကြောင့် သမိုင်းမတိုင်ခင် ခေတ်ကတည်း အနည်းဆုံး လွန်ခဲ့သည့် နှစ်ပေါင်း ၁၆,၀၀၀ ကတည်း က လူသားများသည် ဆန် စပါးများကို စားသုံးခဲ့ကြကြောင်း တိကျခိုင်မာသည့် အထောက်အထားများ သိရှိခဲ့ရသည်။ ယာဟွေ့ဂူ ကို ၂၀၁၄ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ရှေးဟောင်းပစ္စည်းများ တူးဖော်မှုကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.